

Every society in Kachin State, including across Myanmar, embraces and practices a gender equality approach, and both Kachin State and the wider country are developed and able to maintain sustainable peace.

မြစ်ကြီးနားမြို့၊ နမ်ကျင် ကျေးရွာတွင် နေထိုက်လျက်ရှိသော ဆရာမ ဆိုင်းလု (အမည်လွှဲ) အသက် (၃၉)နှစ်၊ မိသားစုဝင် (၅)ဦးရှိသူသည် အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ လက်ရှိတွင် NGOs စေတနာ့ဝန်ထမ်းအပြင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ VDC (Village Development Committee) ဥက္ကဌအဖြစ် ကျေးရွာဖွံဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေးများကို တက်ကြွစွာ ဦးဆောင်လှုပ်ရှားနေသူဖြစ်ပါသည်။ ဆရာမ ဆိုင်းလုသည် HTOI Gender မှ ၂၀၂၅ ခုနှစ်တွင်ပြုလုပ်သော အမျိုးသမီးများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း အစီအစဉ်၏ Women Leadership TOT အမျိုးသမီးခေါင်းဆောင်မှုနှင့် ဆရာဖြစ်သင်တန်း (၁၀) ရက်ကို တက်ရောက်သင်ယူခဲ့သူများမှ တစ်ဦးလည်းဖြစ်ပါသည်။ <br> 📚**Women Leadership TOT** HTOI Gender ရဲ့ TOT သင်တန်းကို ရွေးချယ်တက်ဖြစ်ရခြင်းကို “အမျိုးသမီးစွမ်းဆောင်ရည်မြှင့်သင်တန်းပြုလုပ်ရန်ရှိနေကြောင်းနှင့် ကျွန်မတို့ နမ်ကျင်ကျေးရွာအုပ်စုမှ အမျိုးသမီးခေါင်းဆောင်တစ်ဦးပါဝင်ရန်လျှောက်ထားနိုင်ကြောင်း သိရတော့၊ စိတ်ဝင်စားပြီး သင်တန်းလျှောက်လွှာကိုလည်း ပြန်ကြည့်တော့ အမျိုးသမီးတိုင်း သိသင့်တဲ့ **အမျိုးသမီးအခွင့်အရေးဆိုင်ရာများ၊** လက်ရှိအဖြစ်များနေတဲ့ **လူကုန်ကူးမှု၊ ကျား၊မ အခြေပြုအကြမ်းဖက်မှုနှင့် ဥပဒေပိုင်းဆိုင်အကြောင်းအရာများ၊ ခေါင်းဆောင်မှုအသိပညာများ**ကို သင်ကြားမည်ဆိုတော့ အမျိုးသမီးကော်မတီကို ကျွန်မသွားမယ်ဆိုပြီး တက်ရောက်နိုင်ခဲ့ကြောင်း”ဆရာမ ဆိုင်းလုမှပြောပါသည်။ **🌱**နောက်ပြီး _“အဲအချိန်မှာ ကျွန်မက အဖွဲ့အစည်းတစ်ခုရဲ့ စေတနာ့ဝန်ထမ်းအဖြစ် လက်မှတ်ထိုးလုပ်ဆောင်ထားတာရှိသော်လည်း၊ ကျွန်မတကယ် စိတ်ဝင်စားပြီး၊ **လက်တွေ့လိုအပ်နေသော ကျား၊မ အခြေပြုအကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေးနှင့် တားဆီးရေး၊ နှစ်နာသူအတွက် တရားမျှတမှုဖော်ဆောင်ရေး** **အသိပညာများ** ရရှိမှာဖြစ်သောကြောင့် အဖွဲ့အစည်းနှင့်လည်း သေချာရှင်းပြ ညှိနှိုင်းပြီးမှ တက်ရောက်နိုင်ခဲ့တာဖြစ်ကြောင်း”_ သိရပါသည်။ <br> 🔄TOT သင်တန်းမတက်ခင် ဆရာမ ဆိုင်းလုမှာ ကျေးရွာဖွံဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးအခွင့်အရေးများလုပ်ဆောင်ရာတွင် မိမိရဲ့ အသံကို **ထုတ်ဖော်ပြောဆိုဖို့ (သို့) ဆုံးဖြတ်ချက်ချဖို့ အခက်အခဲတွေ** ကြုံတွေ့ခဲ့ရကြောင်းကို _“ကျွန်မတို့ **အမျိုးသမီးရေးရာ ကိစ္စရပ်များ**တွင် အမျိုးသမီးခေါင်ဆောင်နေရာယူထားသူများမှ **မတူညီသောပြသာနာများစွာကို ဖြေရှင်းရခြင်း**၊ လမ်းညွှန်ခြင်းများ လုပ်ဆောင်နိုင်ရန် လိုအပ်သော်လည်း မိမိကိုယ်တိုင် **သက်ဆိုင်ရာအသိပညာနည်းပါးခြင်း**ကြောင့် **ပံပိုးကူညီဖို့အခက်အခဲများရှိနေ**ကြောင်းနှင့် မိမိလူမှု့အသိုင်းအဝန်းထဲမှလည်း ကျား၊မ အခြေပြုအကြမ်းဖက်မှုပြဿနာများဖြေရှင်းရာတွင် **နှစ်နှာသူအမျိုးသမီးအား ပြစ်တင်ဝေဖန်ခြင်း** အယူအဆများကြောင့် **အမျိုးသမီးအခွင့်အရေးရရှိအောင်၊ တရားမျှတမှုရရှိအောင်လုပ်ဆောင်ဖို့** **အခက်အခဲများစွာ**နှင့် ရင်ဆိုင်နေရပါကြောင်း”_ ပြောပြပါသည်။ ⭐သင်တန်းကပေးတဲ့ အသိပညာတွေထဲမှ အမျိုးသမီးအခွင့်အရေးဖြစ်သော CEDAW (အမျိုးသမီးများအား နည်းမျိုးစုံ ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ်) ပါ အကြောင်းအရာများကို ဒေသ၊ ကျေးရွာများရှိ အမျိုးသမီးကို **လက်ဆင့်ကမ်းပြောပြနိုင်ခဲ့ခြင်း**၊ ကျေးရွာကော်မတီနှင့် ရပ်မိရပ်ဖများကို TOT ပြီးစီးမှုလက်မှတ်ပြသ၍ ဂျဲန်လ်ဒါနှင့် ကျား၊မ အခြေပြုအကြမ်းဖက်မှု တားဆီး၊ကာကွယ်ရေး အသိပညာများကို အားလုံးသိရှိရန်လိုအပ်ကြောင်းနှင့် ဆရာမ ဆိုင်းလုမှ သင်တန်းသေချာပေးနိုင်ကြောင်းပြောပြကာ အိမ်ထောင်သည် ကျား၊မ (၄၀) ဦး၊ ဆယ်ကျော်သက်လူငယ်များ ကျား (၃၀)၊ မ (၃၀) ခွဲပြီး **သင်တန်းပြန်လည်ပို့ချ နိုင်ခဲ့ကြောင်း**တွေ့ရပါသည်။ ✅နောက်ပြီး သင်တန်းပို့ချရာတွင်လည်း ကြိုတင်ပြင်ဆင်လေ့လာခြင်း၊ သင်တန်းသားများစိတ်ဝင်စားအောင် အမေး၊ အဖြေပြုလုပ်ခြင်း၊ အုပ်စုခွဲပြီး မိမိရပ်ရွာအခြေအနေဖြစ်စဉ်ကို ဥပမာများထား၍ ဆွေးနွေးခြင်းနည်းလမ်းများဖြင့် သင်ကြားနိုင်ခဲ့ကြောင်း သိရပါသည်။ သင်တန်းသားများမှာလည်း စိတ်ဝင်စားမှုရှိကြောင်းကို ဆရာမ ဆိုင်းလုမှ _“ကျား၊မ အခြေပြုအကြမ်းဖက်မှုနှင့်ပက်သက်၍ **ဥပဒေပိုင်းဆိုင်ရာများကို ပိုမိုလေ့လာသင်ယူခြင်**ကြောင်း (ဥပမာ-ဆယ်ကျော်သက်များက မိန်းကလေးတစ်ဦးဦးကို စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာထိခိုက်အရှက်ရအောင် ပြောဆိုမိပါက ဥပဒေ ပုဒ်မ ဘယ်လောက်ဖြင့် အရေးယူနိုင်ခြင်း) များကို သိချင်လာကြောင်းပြောပြလာကာ၊ မိမိမှာ HTOI Gender မှရှေ့နေ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ **ထပ်ဆင့်သင်တန်းကိုပေးဖို့လိုကြောင်း** စဥ်စားမိ၍ လူငယ်ရေးရာသင်တန်းများရှိပါက ၎င်းခေါင်းစဥ်ကို ထည့်သွင်းသင်ကြားပေးမယ့်အကြောင်း ပြောဆိုထားပါသည်။”_ **💪**နောက်ပြီးအခုလို သင်တန်းပေးပြီးနောက်ပိုင်း မိမိရဲ့အားနည်းလိုအပ်ချက် တချို့လည်းမြင်လာကြောင်းကို _“TOT သင်တန်းက (၁၀)ရက် အတွင်းမှာ ခေါင်းစဥ်များသွားတော့ ထပ်ဆင့်ပိုမိုသိရှိအောင် မွန်းမံသင်ကြားရန်လိုကြောင်း မြင်လာပါတယ်၊ နောက်ပြီး သင်တန်းကတစ်ရက်ထဲဆိုတော့ အချိန်တော့သိပ်မလောက်ဘူး ဖြစ်သွားသလို တနေကုန်ဆိုတော့ အစားအသောက် တစ်ခုခုတော့ပြင်ဆင်ပေးဖို့ ငွေကြေးတော့အခက်အခဲတော့ဖြစ်သွားပါတယ်။ နောက်တစ်ခုက **လူငယ်များကို သင်ကြားရာမှာ Power Point, Short Video များအသုံးပြု၍ သင်ကြားပေးနိုင်ပါက** သူတို့ပိုစိတ်ဝင်စားနိုင်ကြောင်း လေ့လာသင်ယူမိ၍ HTOI Gender အနေဖြင့် အမျိုးသမီးစွမ်းဆောင်ရည်မြင့်သင်တန်းများ ပြုလုပ်ပါက **Power Point ပြင်ဆင်ခြင်းများ**ကို ထည့်သွင်းသင်ကြားပေးစေလိုပါသည်၊ **အခြားအမျိုးသမီးခေါင်းဆောင်များမှလည်း ကျွန်မလို လိုအပ်သင်ယူခြင်မယ်လို့ မြင်မိပါကြောင်း**”_ ဆရာမ ဆိုင်းလုမှ ပြောပါသည်။ <br> 💪 **ပြောင်းလဲလာတဲ့ ခေါင်းဆောင်မှုပုံစံ** **🌱** ဆရာမ ဆိုင်းလုရဲ့ (Identity Shift) ကိုလေ့လာကြည့်ရာ သူမ၏အောင်မြင်မှုဟာ တစ်ဦးတည်းမဟုတ်ဘဲ အသိုင်းအဝိုင်းလုံးကို သက်ရောက်မှုရှိလာတယ်ဆိုတာကို ခေါင်းဆောင်မှုပုံစံ (Leadership Style) ပြောင်းလဲသွားပုံများ၊ သူမရဲ့နေ့စဉ်ဘဝ တွေးခေါ်စဉ်းစား ဦးဆောင်ပုံများမှာ တွေ့ရပါသည်။ ဘာကြောင့်လဲဆိုရင် အရင်က အမျိုးသမီးနှင့် ရပ်ရွာအရေးတွေမှာ ဦးဆောင်ရန်၊ လိုအပ်မှုတွေကို ဆွေးနွေးထောက်ပြရန် မရဲမဝံဖြစ်နေသောသူမှာ အခုချိန်မှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌအဖြစ် ဦးဆောင်လာနိုင်ပြီဖြစ်ကြောင်းတွေ့ရပါသည်။ **🏆** သင်တန်းကနေ မိမိကျေးရွာပြန်ရောက်တော့ ကျေးရွာအရေးဆောင်ရွက်ဖို့ဖွင့်လစ်ထားတဲ့ ကော်မတီ (Village Development Committee) ကို EEI အဖွဲ့အစည်း၏ ပံပိုးကူညီမှုဖြင့် (၃) ရက်တာအကြိတ်အနယ် ဆွေးနွေးညှိနှိုင်မှုပြုလုပ်ကြရာ၊ တကယ်ဘဲကျေးရွာဖွံဖြိုးတိုးတက်ဖို့ မည်ကဲ့သို့သောသူတွေပါဝင်သင့်ကြောင်း၊ ပါဝင်ဦးဆောင်သူများဟာ မည်ကဲ့သို့စိတ်ထားရှိသင့်ကြောင်း၊ စံသတ်မှတ်၍ ကော်မတီသစ်ကိုပြုပြင်ပြောင်းလဲနိုင်ခဲ့ကြပါသည်။ ကော်မတီအသစ်တွင်ပါဝင်မည့်သူများကိုလည်း သေချာစိစစ်၍ အဆင်ဆင့်ရွေးချယ်ခန့်အပ်ရာ အတွင်းရေးမှုးအဆင့်ထိခန့်အပ်ပြီးနောက် ဥက္ကဌနေရာကိုခန့်အပ်ဖို့ရွေးချယ်ကြရာ၊ မိမိကိုယ်တိုင်မှာ ဒီကော်မတီကို ပြုပြင်ပြောင်းလဲရန် အဓိကထောက်ပြ ခဲ့သောကြောင့် ဥက္ကဌနေရာကိုမိမိကိုယ်တိုင်လုပ်မယ်ဆိုပြီး၊ ပြောဆိုရန်ခက်နေသော်လည်း ကော်မတီဝင်များမှ လက်တွေ့ ကျေးရွာဖွံဖြိုးတိုးတက်ရေး အစစအရာရာမှာ ဆရာမ ဆိုင်းလုမှ တက်ကြွစွာလုပ်ဆောင်နေသောကြောင့် **ဥက္ကဌနေရာ**ကိုဦးဆောင်ဖို့ပြောလာကြရာ တွေဝေမှုမရှိဘဲလက်ခံရယူနိုင်ခဲ့ကြောင်းတွေ့ရပါသည်။ **🔥”** _အရင်ကဆိုရင် ကျေးရွာကကြီးတော့ ကော်မတီထဲမှာ စာရင်းကိုင်၊ ဘဏ္ဌာထိန်းလောက်သာတာဝန်ယူရဲ့တဲ့ အခြေအနေဖြစ်သော်လည်း အခုတော့ **ကျေးရွာဖွံဖြိုးတိုးတက်ဖို့** **ဥက္ကဌနေရာကို ကျွန်မကိုယ်တိုင် ယုံကြည်မှုအပြည့်ဖြင့် ဦးဆောင်ဖို့နေရာယူနိုင်ခဲ့ပါပြီ**”_ ဆရာမ ဆိုင်းလုမှ ပြောပြပါသည်။ ✅ယခုလက်ရှိမှာ VDC ကော်မတီအနေဖြင့် ကျောင်းတက်ဖို့အခက်အခဲဖြစ်နေသည့် ကလေးများကိုဆက်လက်ပညာသင်ကြားနိုင်ရန်ချိတ်ဆက်ပံပိုးကူညီခြင်း၊ ၁၂ နှစ်အထက် ကလေးငယ်များ အိမ်ထောင်စောမပြုဖို့ အသိပညာပေးခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာအတတ်ပညာသင်ကြားပေးခြင်း အစီအစဉ်များကို အခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများရှိနေပြီး၊ လိုအပ်သည့် အစီရင်ခံစာများကိုတော့ ဆရာမ ဆိုင်းလု ကိုယ်တိုင်ဦးဆောင်ရေးသား လုပ်ဆောင်လျက် ရှိနေကြောင်းတွေ့ရပါသည်။ **⭐** သင်တန်းက ရရှိလာတဲ့ အသိပညာကြောင့် မိမိရဲ့ အလုပ်အတွင်း ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာ (Decision-Making Power) အကျိုးသက်ရောက်မှုရှိလာပုံကိုလည်း **VDC ဥက္ကဌ ဆရာမ ဆိုင်းလု**မှ _“TOT သင်တန်းတက်ပြီး ရရှိတဲ့အသိပညာတွေက ကျွန်မအတွက်ဆိုရင် **ဦးဆောင်ဆုံးဖြတ်ချက်ချရတဲ့နေရာ**မှာ ဘက်လိုက်မှုမရှိဘဲ ကျေးရွာအတွက်တကယ်ဘဲအကျိုးရှိမှာလား၊ ခွဲခြားမှုဖြစ်ပြီး ကျေးရွာအတွင်း မညီညွှတ်မှုဖြစ်လာမှာလား၊ လုပ်ဆောင်မှုတွေက ထပ်နေလား၊ လူမျိုးစုံ၊ ဘာသာစုံနှင့် ထိခိုက်လွယ်သောအုပ်စုများကိုထိရောက်မှုပြုမှာလားကို သေချာလေ့လာဆန်းစစ်ဆုံးဖြတ်ချက်ချခြင်း၊ စီမံခန့်ခွဲခြင်းများအပေါ် **ယုံကြည်မှုရှိရှိ ရဲရဲဝံ့ဝံ့** လုပ်ဆောင်လာနိုင်သောကြောင့် များစွာအကျိုးသက်ရောက်မှုရှိကြောင်း”_ ပြောပြပါသည်။ 🔥 **အများအကျိုးအတွက် ရဲရင့်စွာ ရပ်တည်ခဲ့ပုံ** ၂၀၂၅ ခုနှစ် ဆောင်းတွင်းတွင် (၃) လကြာ နမ်ကျင်အမှိုက်ပုံး မီးလောင်ကျွမ်းမှုမှာ ရက်ရှည်ဖြစ်ပွားနေမှုကြောင့် ကျေးရွာအတွင်း မီးခိုးများအူလိုက်ဝင်လာကာ ကလေးများ၊ နာတာရှည်ရောဂါရှိ သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကျပ်ရောဂါရှိသူများအတွက် အထူးစိုးရမ်းစရာဖြစ်လာချိန်မှာလည်း ကျေးရွာအတွက် ရှေ့တန်းထွက် မားမားမတ်မတ်ရပ်တည်၍ သက်ဆိုင်ရာများကို ဆရာမ ဆိုင်းလုမှ တိုက်တွန်းလှုပ်ဆော်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အမှိုက်ပုံမီးငြိမ်းသတ်နိုင်ခဲ့ကြောင်းတွေ့ရပါသည်။ **💪**_“ကျွန်မကကျေးရွာလူကြီးကိုသွားပြောမယ်လုပ်တော့ တစ်ယောက်ထဲ့မသွားနဲ့ အသိသက်သေတစ်ယောက်တော့ခေါ်သွားဖို့ အကြံပေးကြတာတွေရှိတော့ အမတစ်ဦးကိုခေါ်၍ ကျွန်မတို့ရဲ့နယ်မြေမူးနှင့် အုပ်ချုပ်ရေးမူးဆီအရင်သွားတွေ့ပါသည်။ တွေ့ဆုံရာမှာ ကျေးရွာလူကြီးများကို အမှိုက်ပုံမီးလောင်ကျွမ်းမှုမငြိမ်းရာကနေ နံနက်နှင့် ညပိုင်းဆိုရင် မြူဖိအားနှင့်အတူ **မီးခိုးများမှာကျေးရွာအထဲ အချိန်ကြာမြင့်စွာရှိနေသောကြောင့်** ကလေးများနှင့် နာတာရှည်ရောဂါရှိ သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကျပ်ရောဂါရှိသူများအတွက် **အထူးစိုးရမ်းစရာဖြစ်နေသောကြောင့်** သက်ဆိုင်ရာကိုအမြန်တင်ပြပြီး ဖြေရှင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားမှုရှိခဲ့ရာ အုပ်ချုပ်ရေးမှုများမှလည်း မြို့နယ်မှုးထံတင်ပြမှုရှိခဲ့သော်လည်း အချိန်ကြာဖြေရှင်းဆောင်ရွက်ပေးမှုမရှိခဲ့သေးပါ။ ဆက်လက်ပြီး စည်ပင်မှုးထံတင်ပြခြင်း၊ နောက်ဆုံး စည်ပင်ဝန်ကြီးထံ အကြိမ်ကြိမ်တင်ပြတောင်းဆိုမှုကြောင့် **မီးငြိမ်းသတ်ပေးခြင်း၊ မီးခိုးမထွက်သောဆေးဖြန်းပေးခြင်း**တွေ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါသည်။”_ **💪**စိုးရိမ်စရာများရှိသော်လည်း ကျေးရွာအကျိုးအတွက် ကြိုးစားလုပ်ဆောင်ခဲ့ပုံကို _“နမ့်ကျင်အမှိုက်ပုံး မီးလောင်ကျွမ်းမှုငြိမ်းသတ်ရေးလုပ်ဆောင်မှုကြောင့် ကျေးရွာရှိ အချို့လူများက မင်းအခုလို အရမ်းရဲ့တင်းလုပ်ဆောင်တာက **မိသားစုပါထိခိုက်လာနိုင်ကြောင်း၊** **ဖမ်းဆီးခံရပြီး ကလေးများသာရပ်တည်ရန်ခက်ခဲ့နိုင်ကြောင်း** သတိပေးပြောဆိုမှုများရှိနေသော်လည်း ကျေးရွာအကျိုး၊ အများအကျိုးအတွက် လုပ်ဆောင်တာဖြစ်တဲ့အတွက် **ဘုရားထံဆုတောင်းခွန်အားယူ၍ စိတ်ပင်ပန်း၊ လူပင်ပန်းသော်လည်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း**”_ ဆရာမ ဆိုင်းလုမှ ပြောပြပါသည်။ 🤝 **အခြားသူတွေကိုလည်း လက်တွဲမြှင့်တင်ပေးနေသူ** အခုလို ဦးဆောင်ဆုံးဖြတ်ချက်ချနိုင်သူ အမျိုးသမီးခေါင်းဆောင်တစ်ဦးအနေဖြင့် အခြားအမျိုးသမီးများကိုလည်း စွမ်းဆောင်ရည်မြှင့်တက်လာရန် လက်တွဲလမ်းဖွင့်ပေးနေခြင်းကို _“VDC ကော်မတီဝင်တွေမှာ အမျိုးသမီးများတယ်၊ သူတို့ရဲ့ **စွမ်းဆောင်ရည်မြှင့်တက်လာဖို့**အတွက် ကျွန်မသိထားတဲ့အတွေ့အကြုံအသိပညာတွေကို မျှဝေပြောပြသလို၊ အဖွဲ့အစည်းတွေခေါ်တဲ့သင်တန်းတွေကိုလည်း တွန်းပို့လျက် လုပ်ဆောင်နေပါတယ်”_ နောက်ပြီး _“ကျွန်မရဲ့သားသမီးတွေကိုတော့ **ကျား၊မ တန်းတူညီမျှမှု** ကို သင်ကြားပေးပြီး အိမ်မှုကိစ္စတွေကို တာဝန်ခွဲဝေလုပ်ဆောင်စေခြင်းများအပြင်၊ အမျိုးသမီးတွေဟာလည်း ကျေးရွာ၊ မြို့နယ်၊ နိုင်ငံအထိရှိ ကဏ္ဌတိုင်းတွင် ဦးဆောင်နိုင်ကြောင်း သွန်သင်လမ်းပြနေပါသည်”_ **နမ်ကျင် VDC ဥက္ကဌ၊ အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာမ ဆိုင်းလု** မှ ပြောပါသည်။ **#အမျိုးသမီးခေါင်းဆောင်#WomenLeadershipTOT #နမ်ကျင်ကျေးရွာ#kachingenderstargroup**

"ရက် (၁၀၀) ငြိမ်းချမ်းရေးစီမံကိန်း" ဟု ကြေညာထားသော်လည်း မြေပြင်အခြေအနေတွင် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းက ထိုအစီအစဉ်၏ ယုံကြည်စိတ်ချရမှုအပေါ် မေးခွန်းထုတ်စေပါသည်။ ယခင် NCA အပစ်အခတ်ရပ်စဲရေးကာလအတွင်းလည်း မြန်မာစစ်အာဏာရှင်များဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ချိုးဖောက်ကြကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထို့အပြင် ကချင်ဒေသအပါအဝင် တိုင်းရင်းသားဒေသများတွင် သဘာဝသယံဇာတများကို မတရား ထုတ်ယူအသုံးချမှု၊ ဒေသခံများ၏ မြေယာ များအတင်းအဓမ္မ သိမ်းယူမှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ပြည်သူများကို ဖမ်းစီးနှိပ်စက် သတ်ဖြတ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့ကြောင်း အမျိုးသမီး အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက နှစ်ပေါင်းများစွာ မှတ်တမ်းတင်ထားသည်။ ထို့အပြင် မြစ်ဆုံရေကာတာစီမံကိန်းနှင့်ပတ်သက်၍လည်း ပြည်သူများကို ခြိမ်းခြောက်ဖိအားပေးခြင်း၊ စည်းရုံးရေးအစည်းအဝေးများ တက်ရောက်စေခြင်းများ ရှိခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။ ထိုသို့သော အခြေအနေအောက်တွင် ပြည်သူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ကန့်ကွက်ပြောဆိုရန် မရဲဝံ့ဘဲ တိတ်ဆိတ်စွာ နေခဲ့ရသည်။ သို့သော် ထိုတိတ်ဆိတ်မှုကို "ပြည်သူများက သဘောတူသည်" ဟု အဓိပ္ပာယ်ကောက်ယူခြင်းမှာ မသင့်လျော်ပေ။ ကန့်ကွက်သံ မထွက်လာခြင်းသည် သဘောတူညီမှုရှိသည်ဟု အလိုအလျောက် ဆိုလိုခြင်း မဟုတ်ပါ။ ထို့ကြောင့် ယုံကြည်မှုမတည်ဆောက်နိုင်သေးသော အခြေအနေတွင် ပြည်သူများအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုသာ "အပစ်အခတ်ရပ်စဲပါ၊ ငြိမ်းချမ်းရေးယူပါ" ဟု တစ်ဖက်သတ် တောင်းဆိုရန်မှာ မလွယ်ကူကြောင်း မြင်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးသည် ကြေညာချက်များဖြင့် ဖြစ်ပေါ်လာမည် မဟုတ်ဘဲ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများ အမှန်တကယ် ရပ်တန့်ခြင်း၊ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း၊ သဘောတူညီချက်များကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းနှင့် ဥပဒေရှေ့မှောက် တာဝန်ခံမှုရှိခြင်းတို့ဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်သည်။ ကြောက်ရွံ့မှုကြောင့် ထွက်မလာသော တိတ်ဆိတ်မှုကို ပြည်သူ့ဆန္ဒအဖြစ် အဓိပ္ပာယ်ကောက်ယူ၍ မရသကဲ့သို့၊ ငြိမ်းချမ်းရေးဟု ခေါင်းစဉ်တပ်ထားသည့် အစီအစဉ်တစ်ခုကိုလည်း မြေပြင်ရှိ လက်တွေ့အခြေအနေများဖြင့်သာ အကဲဖြတ်သင့်ပါသည်။

HTOI Gender and Development Foundation is partnering with Story of Helping to bring our two projects, Restoring Dignity and From Crisis to Capacity, to an international audience and to fund them through a new model that puts local organizations in the lead. > ### **WHAT WE’RE DOING** Our "**Restoring Dignity"** project will provide healthcare assistance to IDP women and children in Kachin State, along the China border. Moreover, the "**From Crisis to Capacity"** project will implement "community-based protection mechanisms and capacity-building programs for the most vulnerable women and girls in conflict zones in Kachin State." > ### **HOW** **YOU CAN SUPPORT** Story of Helping funds humanitarian projects through limited-edition documentary photobooks. When supporters pre-order a book for our project, the funds are released and implementation begins. Every supporter receives a professionally produced photobook documenting the complete journey—from project planning through final impact. Your $180 pre-order funds the project and produces the book you receive. Transparent. Accountable. Beautiful. \[BUTTON / LINK: Pre-order the book — » 1) Project title: Restoring Dignity <https://www.storyofhelping.com/product-page/restoring-dignity> 2) Project title: From Crisis to Capacity <https://www.storyofhelping.com/product-page/from-crisis-to-capacity> > ### **ABOUT STORY OF HELPING** Story of Helping is a humanitarian creative agency that connects private funders directly to vetted local organizations in Southeast Asia. The platform provides vetting, financial management, implementation support, and professional storytelling infrastructure—so local organizations can focus on their work. Learn more at <https://www.storyofhelping.com/>. The Story of Helping model was published in Stanford Social Innovation Review (Summer 2026): <https://ssir.org/articles/entry/usaid-collapse-infrastructure-gap>

ဇွန်လ (၁၉) ရက်နေ့သည် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ (International Day for the Elimination of Sexual Violence in Conflict) ဖြစ်သည်။ ဤနေ့သည် စစ်ပွဲများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် အာဏာရှင်စနစ်များအတွင်း ကျူးလွန်ခံရသည့် Conflict-Related Sexual Violence (CRSV) ကို အသိအမှတ်ပြုကာ၊ ရှင်သန်ကျန်ရစ်သူများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှုရှိစေရေး တောင်းဆိုသည့် နေ့တစ်နေ့ဖြစ်သည်။ CRSV သည် အမျိုးသမီးများနှင့် မိန်းကလေးများသာမက အမျိုးသားများနှင့် ကလေးသူငယ်များအပေါ်ပါ ကျူးလွန်နိုင်သော ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ် ဖြစ်သည်။ သမိုင်းတစ်လျှောက် စစ်ပွဲများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ရေးနည်းဗျူဟာ၊ ကြောက်ရွံ့စေရန်နည်းလမ်း၊ လူထုကို ထိန်းချုပ်သည့် ကိရိယာနှင့် လူမျိုးစုအသိုက်အဝန်းများကို ဖျက်ဆီးရန် အသုံးပြုခဲ့ကြသည်။ ၁၉၉၀ ပြည့်နှစ်များအတွင်း Bosnian War နှင့် Rwandan Genocide တို့တွင် ဖြစ်ပွားခဲ့သော ကျယ်ပြန့်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဤပြဿနာကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအဖြစ် ပိုမိုအာရုံစိုက်လာခဲ့သည်။ ထို့နောက် ၂၀၀၈ ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက Resolution 1820 ကို အတည်ပြုခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ပွဲ၏ နည်းဗျူဟာတစ်ခုအဖြစ် အသုံးပြုခြင်းအား နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် အရေးကြီးသော ပြဿနာအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန်လ (၁၉) ရက်နေ့ကို International Day for the Elimination of Sexual Violence in Conflict အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း CRSV သည် ရေရှည်လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်နွယ်နေသည့် အရေးကြီးသော လူ့အခွင့်အရေးပြဿနာတစ်ခု ဖြစ်သည်။ အထူးသဖြင့် ကချင်ဒေသတွင် Kachin Independence Organization/Army (KIO/KIA) နှင့် မြန်မာစစ်တပ်အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ရပ်များကို ဒေသခံအမျိုးသမီးအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂယန္တရားများက နှစ်ပေါင်းများစွာ မှတ်တမ်းတင်ဖော်ပြခဲ့ကြသည်။ ၂၀၁၁ ခုနှစ် အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက် ကချင်ဒေသတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ကာ လူသိန်းနှင့်ချီ နေရပ်စွန့်ခွာခဲ့ရသည်။ ထိုကာလအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှု၊ လူကုန်ကူးမှုနှင့် အခြားသော ကျား-မအခြေပြုအကြမ်းဖက်မှုများကို ရင်ဆိုင်ခဲ့ကြရသည်။ သုတေသနများနှင့် မှတ်တမ်းများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ပွဲ၏ လက်နက်သဖွယ် အသုံးပြုခဲ့သည့် ပုံစံများအကြောင်း ထောက်ပြထားသည်။HTOI Gender and Development Foundation ၏ “Women’s Access to Justice in Kachin” သုတေသနအရ ကချင်ပြည်နယ်ရှိ အမျိုးသမီးများသည် စစ်ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ မူးယစ်ဆေးဝါးပြဿနာနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကြောင့် လုံခြုံရေးကင်းမဲ့နေပြီး တရားမျှတမှုရရှိရန် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း တွေ့ရှိရသည်။ အသက်ရှင်ကျန်ရစ်သူများအတွက် ဥပဒေရေးရာအကူအညီ၊ စိတ်ပိုင်းဆိုင်ရာ ကုစားထောက်ပံ့မှုနှင့် လုံခြုံရေးကာကွယ်မှုများမှာလည်း အကန့်အသတ်များစွာ ရှိနေဆဲဖြစ်သည်။ ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာချိန်တွင် CRSV ဖြစ်ရပ်များကို HTOI Gender အပါအ၀င် အမျိုးသမီး အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ဆက်လက်မှတ်တမ်းတင်ထားကြသည်။ အထူးသဖြင့် မြန်မာစစ်တပ်၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အာဏာရှိသူများက ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည့် ဖြစ်ရပ်များတွင် လွတ်လပ်ပြီး ထိရောက်သော စုံစမ်းစစ်ဆေးမှုများ မရှိခြင်း၊ ကျူးလွန်သူများအား တာဝန်ခံမှုရှိစေရန် အရေးယူဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) သည် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ထိုသို့သော ပြစ်ဒဏ်ကင်းလွတ်ခွင့်သည် CRSV ကို ထပ်မံဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။ ကချင်ဒေသအပါအဝင် မြန်မာနိုင်ငံရှိ ပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ခံစားခဲ့ရသူများအတွက် တရားမျှတမှု၊ ပြန်လည်ထူထောင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများရရှိရန် လိုအပ်နေဆဲဖြစ်သည်။ ထို့အပြင် ကျူးလွန်သူ မည်သူမဆို ဥပဒေအောက်တွင် တာဝန်ယူမှုရှိစေရန်နှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်စေရန်မှာ ရေရှည်ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ယနေ့ ဇွန်လ (၁၉) ရက်နေ့တွင် စစ်ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ခံစားခဲ့ရသူများနှင့် ရှင်သန်ကျန်ရစ်သူများကို ဂုဏ်ပြုအမှတ်ရရင်း၊ အမှန်တရားဖော်ထုတ်ရေး၊ တာဝန်ခံမှုရှိစေရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးအတွက် ဆက်လက်အသံထွက်တောင်းဆိုကြပါစို့။လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် စစ်ပွဲ၏ မလွဲမရှောင်ဖြစ်ရပ် မဟုတ်ဘဲ ရာဇဝတ်မှုဖြစ်သည်။ အမျိုးသမီးများ၏ ခန္ဓာကိုယ်ကို စစ်လက်နက်အဖြစ် အသုံးမပြုသင့်ပါ။ ရှင်သန်ကျန်ရစ်သူများကို အပြစ်တင်ခြင်းမဟုတ်ဘဲ ကာကွယ်ပံ့ပိုးခြင်းနှင့် တရားမျှတမှုရရှိစေခြင်းသည် လူ့အဖွဲ့အစည်းအားလုံး၏ တာဝန်ဖြစ်သည်။

She was born in 1895 and died in 1979. Her father is Zau Gam and mother is Labya Hka. She Served as a missionary school teacher of the American Baptist Mission and taught about handicrafts, sewing, cooking and baking bakery. She was the founder of Myitkyina Baptist Church, she served as the women Director of Myitkyina Kachin Baptist Association for 3 terms also the founder of Mother and Child Development Association of Myitkyina Township. She also served as a board member of Public Hospital and Prison.

She was born in 1913 and died in 1996. Her father is Nang Zing Tang and mother is Chyauchyi Shachyi. She worked as a primary school teacher at the Lana Ura Bum in Bamaw District and as a headmistress of primary school in Mansi Township. During World War II, she continued her professional work of teaching by the agreement of the village leaders. She was also a middle school teacher in Bamaw Township and also a chair of the Women's Fellowship of the Momauk Kachin Baptist Church and Bamaw Baptist Association. She also served as a lecture of Bamaw Robert Handicraft School Future; she was a composer and singer of many gospel songs, and wrote and taught to play a guide for a number of short dreamers. She led the donation of a handful of rice and helpings to needy ones.

လိင်ပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာခြိမ်းခြောက်မှု (Sextortion)နှင့် ငွေတောင်း၊ ငွေညှစ်ခြင်း (Extortion) ဆိုတာဟာ အလွန်ပြင်းထန်ပြီး စိတ်ဒဏ်ရာရစေနိုင်တဲ့ ပြစ်မှုမျိုးဖြစ်ပါတယ်။<br>Sextortion နဲ့ Extortion ကိုခွဲခြားပြီးကြည့်မယ်ဆိုရင် Sextortion က လိင်ပိုင်းဆိုင်ရာအားနည်းချက်ကို အခွင့်ကောင်းယူတဲ့ပုံစံနှင့် Extortion ကတော့ နည်းလမ်းမျိုးစုံဖြင့် ငွေညှစ်မှုပုံစံဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သည့် လူမှုရေးပြဿနာဖြစ်သည့်အတွက် တိကျမှန်ကန်သော သက်သေအထောက်အထားများနှင့် ဥပဒေအကူအညီ ရယူပိုင်ခွင့်ရှိသည်။<br>လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှု (Sextortion)<br>Sextortion ဆိုသည်မှာ တစ်စုံတစ်ဦးအား လိင်ပိုင်းဆိုင်ရာအကြောင်းအရာတစ်စုံတစ်ခုအားခြေခံ၍ (ဓာတ်ပုံ၊ စာမှတ်တမ်း၊ မှတ်တမ်း ဗီဒီယိုများနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ) ကို အလွဲသုံးစားလုပ်ကာ ခြိမ်းခြောက်ခြင်း ဖြစ်ပါသည်။<br>ဖြစ်ပွားနိုင်သည့်ပုံစံများကတော့ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံ/ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်မည်ဟု ခြိမ်းခြောက်ခြင်း၊ ငွေကြေး သို့မဟုတ် အခြားအကျိုးအမြတ်ရယူရန် ဖိအားပေးခြင်း၊ လိင်မှုကိစ္စပြုလုပ်ရန် အတင်းအကျပ်ခိုင်းစေခြင်းများဖြစ်သည်။<br>ငွေတောင်း၊ ငွေညှစ်ခြင်း (Extortion)<br>Extortion ဆိုသည်မှာ ငွေကြေး၊ ပစ္စည်းဥစ္စာ သို့မဟုတ် အခြားအကျိုးခံစားခွင့်များကို ခြိမ်းခြောက်မှု၊ အင်အားသုံးမှု သို့မဟုတ် ဖိအားပေးမှုဖြင့် တစ်စုံတစ်ဦးထံမှ ဥပဒေနှင့်မညီသော ငွေကြေး သို့မဟုတ် အကျိုးအမြတ်များကို ငွေညှစ်တောင်းခံရယူခြင်း ဖြစ်ပါသည်။<br>ဖြစ်ပွားနိုင်သည့်ပုံစံအချို့ကတော့ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ယုံကြည်ရန်လှည့်ဖြား၍ နှစ်ဦးသဘောတူ Sex chat ကာ၊ ၎င်းအမျိုးသားက ယင်းကိစ္စအပေါ်အခြေခံ၍ သီးသန့်ဓာတ်ပုံ၊ စာမှတ်တမ်းနှင့် မှတ်တမ်း ဗီဒီယိုများကို ရယူထားပြီး လူမှုကွန်ရက်ပေါ်တွင် ဖော်ပြမည်ဟု ခြိမ်းခြောက်၍ ငွေတောင်း၊ ငွေညှစ်ခြင်းမျိုး ဖြစ်သည်။<br>ဒီလိုအခြေအနေမှာ သင်ကိုယ်တိုင် (သို့) သင့်မိတ်ဆွေများ ကြုံတွေ့နေရပါက အရေးပေါ်လုပ်ဆောင်သင့်တဲ့ အဆင့်တွေလည်းရှိပါတယ်။<br>1. ငွေမပေးပါနှင့်။ ခြိမ်းခြောက်သူတွေဟာ ငွေရပါက ဆက်ခြိမ်းခြောက်ဖို့များပါတယ်။ သူတို့ကို ဘယ်တော့မှ ငွေမပေးပါနှင့်။<br>2. ဆက်သွယ်မှု ချက်ချင်းရပ်ဆိုင်းပါ။ သူတို့၏ မက်ဆေ့ဂျ်များ၊ ဖုန်းခေါ်ဆိုမှုများ၊ ဆိုရှယ်မီဒီယာ ဆက်သွယ်မှုအားလုံးကို ချက်ချင်းရပ်တန့်လိုက်ပါ။ ပြန်လည်တုံ့ပြန်ခြင်း၊ စကားပြောဆိုခြင်း လုံးဝမလုပ်ပါနှင့်။<br>3. အထောက်အထားများ သိမ်းဆည်းပါ။ ခြိမ်းခြောက်မှုအတွက် အထောက်အထားများ (စကားပြောဆိုမှု screenshots၊ ငွေတောင်းသည့် message များ၊ အီးမေးလ်များ၊ ဖုန်းနံပါတ်များ) ကို သိမ်းဆည်းထားပါ။ ဒါတွေဟာ ဥပဒေအကူအညီယူရာမှာ အလွန်အရေးကြီးပါတယ်။<br>4. သူတို့၏ တောင်းဆိုမှုအတိုင်း မလုပ်ဆောင်ပါနှင့်။ ဓာတ်ပုံ/ဗီဒီယိုများ ထပ်မံမပေးပါနှင့် (သို့) သူတို့၏ တောင်းဆိုမှုအတိုင်း မလုပ်ဆောင်ပါနှင့်။<br>“သင်ဟာ ဒီလိုမျိုး ခြိမ်းခြောက်စော်ကားမှုကို ခံနေရတယ်ဆိုရင် သင့်မှာ မှားယွင်းနေတာမဟုတ်ပါဘူး။ ဒီအဖြစ်အပျက်အတွက် သင့်ကိုယ်သင်အပြစ်တင်ခြင်း လုံးဝမလုပ်ပါနှင့်။ ဤကဲ့သို့သော ဆိုးရွားသည့် ပြစ်မှုမျိုးကို ကျူးလွန်သူကသာ အပြစ်ရှိပါတယ်။”<br>ဒီလိုအဖြစ်အပျက်မျိုးဟာ စိတ်ဒဏ်ရာအပြင်းအထန် ရစေနိုင်ပါတယ်။ ကျူးလွန်ခံရသူမှာ စိတ်ဖိစီးမှု၊ ရှက်ရွံ့မှု၊ ကြောက်ရွံ့မှုတွေ ခံစားရမှာဖြစ်ပြီး၊ ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းကြားထဲမှာ Victim blaming လုပ်တဲ့အမြင်တွေ မရှိဖို့လိုသလို၊ လိင်ပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာခြိမ်းခြောက်မှု (Sextortion)နှင့် ငွေတောင်း၊ ငွေညှစ်ခြင်း (Extortion) ဆိုတဲ့ အသံကြားတာနဲ့ လုံး၀လက်သင့်မခံဘူး (Zero Tolerance) ပဲ ဆိုတာကို ပြသဖို့ဟာလည်း သိပ်အရေးကြီးပါတယ်။<br><br>အကူအညီရယူရန်<br>သင်ကိုယ်တိုင် (သို့) သင့်မိတ်ဆွေများ ဤအခြေအနေနှင့် ရင်ဆိုင်နေရပါက တစ်ယောက်တည်း ရင်ဆိုင်ဖို့ မကြိုးစားပါနှင့်။ အကူအညီပေးနိုင်သည့် အဖွဲ့အစည်းဖြစ်သော Kachin Gender Star Group သို့ ဆက်သွယ်လိုက်ပါ။<br>Contact Mail: casemanagement@htoigender.org<br>Contact Ph: 09 259 043 798/ 09 771 611 644<br>#kachingenderstargroup#sextortion#extortion