
2026-08-03
မြစ်ကြီးနားမြို့၊ နမ်ကျင် ကျေးရွာတွင် နေထိုက်လျက်ရှိသော ဆရာမ ဆိုင်းလု (အမည်လွှဲ) အသက် (၃၉)နှစ်၊ မိသားစုဝင် (၅)ဦးရှိသူသည် အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ လက်ရှိတွင် NGOs စေတနာ့ဝန်ထမ်းအပြင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ VDC (Village Development Committee) ဥက္ကဌအဖြစ် ကျေးရွာဖွံဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေးများကို တက်ကြွစွာ ဦးဆောင်လှုပ်ရှားနေသူဖြစ်ပါသည်။ ဆရာမ ဆိုင်းလုသည် HTOI Gender မှ ၂၀၂၅ ခုနှစ်တွင်ပြုလုပ်သော အမျိုးသမီးများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း အစီအစဉ်၏ Women Leadership TOT အမျိုးသမီးခေါင်းဆောင်မှုနှင့် ဆရာဖြစ်သင်တန်း (၁၀) ရက်ကို တက်ရောက်သင်ယူခဲ့သူများမှ တစ်ဦးလည်းဖြစ်ပါသည်။ <br> 📚**Women Leadership TOT** HTOI Gender ရဲ့ TOT သင်တန်းကို ရွေးချယ်တက်ဖြစ်ရခြင်းကို “အမျိုးသမီးစွမ်းဆောင်ရည်မြှင့်သင်တန်းပြုလုပ်ရန်ရှိနေကြောင်းနှင့် ကျွန်မတို့ နမ်ကျင်ကျေးရွာအုပ်စုမှ အမျိုးသမီးခေါင်းဆောင်တစ်ဦးပါဝင်ရန်လျှောက်ထားနိုင်ကြောင်း သိရတော့၊ စိတ်ဝင်စားပြီး သင်တန်းလျှောက်လွှာကိုလည်း ပြန်ကြည့်တော့ အမျိုးသမီးတိုင်း သိသင့်တဲ့ **အမျိုးသမီးအခွင့်အရေးဆိုင်ရာများ၊** လက်ရှိအဖြစ်များနေတဲ့ **လူကုန်ကူးမှု၊ ကျား၊မ အခြေပြုအကြမ်းဖက်မှုနှင့် ဥပဒေပိုင်းဆိုင်အကြောင်းအရာများ၊ ခေါင်းဆောင်မှုအသိပညာများ**ကို သင်ကြားမည်ဆိုတော့ အမျိုးသမီးကော်မတီကို ကျွန်မသွားမယ်ဆိုပြီး တက်ရောက်နိုင်ခဲ့ကြောင်း”ဆရာမ ဆိုင်းလုမှပြောပါသည်။ **🌱**နောက်ပြီး _“အဲအချိန်မှာ ကျွန်မက အဖွဲ့အစည်းတစ်ခုရဲ့ စေတနာ့ဝန်ထမ်းအဖြစ် လက်မှတ်ထိုးလုပ်ဆောင်ထားတာရှိသော်လည်း၊ ကျွန်မတကယ် စိတ်ဝင်စားပြီး၊ **လက်တွေ့လိုအပ်နေသော ကျား၊မ အခြေပြုအကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေးနှင့် တားဆီးရေး၊ နှစ်နာသူအတွက် တရားမျှတမှုဖော်ဆောင်ရေး** **အသိပညာများ** ရရှိမှာဖြစ်သောကြောင့် အဖွဲ့အစည်းနှင့်လည်း သေချာရှင်းပြ ညှိနှိုင်းပြီးမှ တက်ရောက်နိုင်ခဲ့တာဖြစ်ကြောင်း”_ သိရပါသည်။ <br> 🔄TOT သင်တန်းမတက်ခင် ဆရာမ ဆိုင်းလုမှာ ကျေးရွာဖွံဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးအခွင့်အရေးများလုပ်ဆောင်ရာတွင် မိမိရဲ့ အသံကို **ထုတ်ဖော်ပြောဆိုဖို့ (သို့) ဆုံးဖြတ်ချက်ချဖို့ အခက်အခဲတွေ** ကြုံတွေ့ခဲ့ရကြောင်းကို _“ကျွန်မတို့ **အမျိုးသမီးရေးရာ ကိစ္စရပ်များ**တွင် အမျိုးသမီးခေါင်ဆောင်နေရာယူထားသူများမှ **မတူညီသောပြသာနာများစွာကို ဖြေရှင်းရခြင်း**၊ လမ်းညွှန်ခြင်းများ လုပ်ဆောင်နိုင်ရန် လိုအပ်သော်လည်း မိမိကိုယ်တိုင် **သက်ဆိုင်ရာအသိပညာနည်းပါးခြင်း**ကြောင့် **ပံပိုးကူညီဖို့အခက်အခဲများရှိနေ**ကြောင်းနှင့် မိမိလူမှု့အသိုင်းအဝန်းထဲမှလည်း ကျား၊မ အခြေပြုအကြမ်းဖက်မှုပြဿနာများဖြေရှင်းရာတွင် **နှစ်နှာသူအမျိုးသမီးအား ပြစ်တင်ဝေဖန်ခြင်း** အယူအဆများကြောင့် **အမျိုးသမီးအခွင့်အရေးရရှိအောင်၊ တရားမျှတမှုရရှိအောင်လုပ်ဆောင်ဖို့** **အခက်အခဲများစွာ**နှင့် ရင်ဆိုင်နေရပါကြောင်း”_ ပြောပြပါသည်။ ⭐သင်တန်းကပေးတဲ့ အသိပညာတွေထဲမှ အမျိုးသမီးအခွင့်အရေးဖြစ်သော CEDAW (အမျိုးသမီးများအား နည်းမျိုးစုံ ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ်) ပါ အကြောင်းအရာများကို ဒေသ၊ ကျေးရွာများရှိ အမျိုးသမီးကို **လက်ဆင့်ကမ်းပြောပြနိုင်ခဲ့ခြင်း**၊ ကျေးရွာကော်မတီနှင့် ရပ်မိရပ်ဖများကို TOT ပြီးစီးမှုလက်မှတ်ပြသ၍ ဂျဲန်လ်ဒါနှင့် ကျား၊မ အခြေပြုအကြမ်းဖက်မှု တားဆီး၊ကာကွယ်ရေး အသိပညာများကို အားလုံးသိရှိရန်လိုအပ်ကြောင်းနှင့် ဆရာမ ဆိုင်းလုမှ သင်တန်းသေချာပေးနိုင်ကြောင်းပြောပြကာ အိမ်ထောင်သည် ကျား၊မ (၄၀) ဦး၊ ဆယ်ကျော်သက်လူငယ်များ ကျား (၃၀)၊ မ (၃၀) ခွဲပြီး **သင်တန်းပြန်လည်ပို့ချ နိုင်ခဲ့ကြောင်း**တွေ့ရပါသည်။ ✅နောက်ပြီး သင်တန်းပို့ချရာတွင်လည်း ကြိုတင်ပြင်ဆင်လေ့လာခြင်း၊ သင်တန်းသားများစိတ်ဝင်စားအောင် အမေး၊ အဖြေပြုလုပ်ခြင်း၊ အုပ်စုခွဲပြီး မိမိရပ်ရွာအခြေအနေဖြစ်စဉ်ကို ဥပမာများထား၍ ဆွေးနွေးခြင်းနည်းလမ်းများဖြင့် သင်ကြားနိုင်ခဲ့ကြောင်း သိရပါသည်။ သင်တန်းသားများမှာလည်း စိတ်ဝင်စားမှုရှိကြောင်းကို ဆရာမ ဆိုင်းလုမှ _“ကျား၊မ အခြေပြုအကြမ်းဖက်မှုနှင့်ပက်သက်၍ **ဥပဒေပိုင်းဆိုင်ရာများကို ပိုမိုလေ့လာသင်ယူခြင်**ကြောင်း (ဥပမာ-ဆယ်ကျော်သက်များက မိန်းကလေးတစ်ဦးဦးကို စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာထိခိုက်အရှက်ရအောင် ပြောဆိုမိပါက ဥပဒေ ပုဒ်မ ဘယ်လောက်ဖြင့် အရေးယူနိုင်ခြင်း) များကို သိချင်လာကြောင်းပြောပြလာကာ၊ မိမိမှာ HTOI Gender မှရှေ့နေ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ **ထပ်ဆင့်သင်တန်းကိုပေးဖို့လိုကြောင်း** စဥ်စားမိ၍ လူငယ်ရေးရာသင်တန်းများရှိပါက ၎င်းခေါင်းစဥ်ကို ထည့်သွင်းသင်ကြားပေးမယ့်အကြောင်း ပြောဆိုထားပါသည်။”_ **💪**နောက်ပြီးအခုလို သင်တန်းပေးပြီးနောက်ပိုင်း မိမိရဲ့အားနည်းလိုအပ်ချက် တချို့လည်းမြင်လာကြောင်းကို _“TOT သင်တန်းက (၁၀)ရက် အတွင်းမှာ ခေါင်းစဥ်များသွားတော့ ထပ်ဆင့်ပိုမိုသိရှိအောင် မွန်းမံသင်ကြားရန်လိုကြောင်း မြင်လာပါတယ်၊ နောက်ပြီး သင်တန်းကတစ်ရက်ထဲဆိုတော့ အချိန်တော့သိပ်မလောက်ဘူး ဖြစ်သွားသလို တနေကုန်ဆိုတော့ အစားအသောက် တစ်ခုခုတော့ပြင်ဆင်ပေးဖို့ ငွေကြေးတော့အခက်အခဲတော့ဖြစ်သွားပါတယ်။ နောက်တစ်ခုက **လူငယ်များကို သင်ကြားရာမှာ Power Point, Short Video များအသုံးပြု၍ သင်ကြားပေးနိုင်ပါက** သူတို့ပိုစိတ်ဝင်စားနိုင်ကြောင်း လေ့လာသင်ယူမိ၍ HTOI Gender အနေဖြင့် အမျိုးသမီးစွမ်းဆောင်ရည်မြင့်သင်တန်းများ ပြုလုပ်ပါက **Power Point ပြင်ဆင်ခြင်းများ**ကို ထည့်သွင်းသင်ကြားပေးစေလိုပါသည်၊ **အခြားအမျိုးသမီးခေါင်းဆောင်များမှလည်း ကျွန်မလို လိုအပ်သင်ယူခြင်မယ်လို့ မြင်မိပါကြောင်း**”_ ဆရာမ ဆိုင်းလုမှ ပြောပါသည်။ <br> 💪 **ပြောင်းလဲလာတဲ့ ခေါင်းဆောင်မှုပုံစံ** **🌱** ဆရာမ ဆိုင်းလုရဲ့ (Identity Shift) ကိုလေ့လာကြည့်ရာ သူမ၏အောင်မြင်မှုဟာ တစ်ဦးတည်းမဟုတ်ဘဲ အသိုင်းအဝိုင်းလုံးကို သက်ရောက်မှုရှိလာတယ်ဆိုတာကို ခေါင်းဆောင်မှုပုံစံ (Leadership Style) ပြောင်းလဲသွားပုံများ၊ သူမရဲ့နေ့စဉ်ဘဝ တွေးခေါ်စဉ်းစား ဦးဆောင်ပုံများမှာ တွေ့ရပါသည်။ ဘာကြောင့်လဲဆိုရင် အရင်က အမျိုးသမီးနှင့် ရပ်ရွာအရေးတွေမှာ ဦးဆောင်ရန်၊ လိုအပ်မှုတွေကို ဆွေးနွေးထောက်ပြရန် မရဲမဝံဖြစ်နေသောသူမှာ အခုချိန်မှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌအဖြစ် ဦးဆောင်လာနိုင်ပြီဖြစ်ကြောင်းတွေ့ရပါသည်။ **🏆** သင်တန်းကနေ မိမိကျေးရွာပြန်ရောက်တော့ ကျေးရွာအရေးဆောင်ရွက်ဖို့ဖွင့်လစ်ထားတဲ့ ကော်မတီ (Village Development Committee) ကို EEI အဖွဲ့အစည်း၏ ပံပိုးကူညီမှုဖြင့် (၃) ရက်တာအကြိတ်အနယ် ဆွေးနွေးညှိနှိုင်မှုပြုလုပ်ကြရာ၊ တကယ်ဘဲကျေးရွာဖွံဖြိုးတိုးတက်ဖို့ မည်ကဲ့သို့သောသူတွေပါဝင်သင့်ကြောင်း၊ ပါဝင်ဦးဆောင်သူများဟာ မည်ကဲ့သို့စိတ်ထားရှိသင့်ကြောင်း၊ စံသတ်မှတ်၍ ကော်မတီသစ်ကိုပြုပြင်ပြောင်းလဲနိုင်ခဲ့ကြပါသည်။ ကော်မတီအသစ်တွင်ပါဝင်မည့်သူများကိုလည်း သေချာစိစစ်၍ အဆင်ဆင့်ရွေးချယ်ခန့်အပ်ရာ အတွင်းရေးမှုးအဆင့်ထိခန့်အပ်ပြီးနောက် ဥက္ကဌနေရာကိုခန့်အပ်ဖို့ရွေးချယ်ကြရာ၊ မိမိကိုယ်တိုင်မှာ ဒီကော်မတီကို ပြုပြင်ပြောင်းလဲရန် အဓိကထောက်ပြ ခဲ့သောကြောင့် ဥက္ကဌနေရာကိုမိမိကိုယ်တိုင်လုပ်မယ်ဆိုပြီး၊ ပြောဆိုရန်ခက်နေသော်လည်း ကော်မတီဝင်များမှ လက်တွေ့ ကျေးရွာဖွံဖြိုးတိုးတက်ရေး အစစအရာရာမှာ ဆရာမ ဆိုင်းလုမှ တက်ကြွစွာလုပ်ဆောင်နေသောကြောင့် **ဥက္ကဌနေရာ**ကိုဦးဆောင်ဖို့ပြောလာကြရာ တွေဝေမှုမရှိဘဲလက်ခံရယူနိုင်ခဲ့ကြောင်းတွေ့ရပါသည်။ **🔥”** _အရင်ကဆိုရင် ကျေးရွာကကြီးတော့ ကော်မတီထဲမှာ စာရင်းကိုင်၊ ဘဏ္ဌာထိန်းလောက်သာတာဝန်ယူရဲ့တဲ့ အခြေအနေဖြစ်သော်လည်း အခုတော့ **ကျေးရွာဖွံဖြိုးတိုးတက်ဖို့** **ဥက္ကဌနေရာကို ကျွန်မကိုယ်တိုင် ယုံကြည်မှုအပြည့်ဖြင့် ဦးဆောင်ဖို့နေရာယူနိုင်ခဲ့ပါပြီ**”_ ဆရာမ ဆိုင်းလုမှ ပြောပြပါသည်။ ✅ယခုလက်ရှိမှာ VDC ကော်မတီအနေဖြင့် ကျောင်းတက်ဖို့အခက်အခဲဖြစ်နေသည့် ကလေးများကိုဆက်လက်ပညာသင်ကြားနိုင်ရန်ချိတ်ဆက်ပံပိုးကူညီခြင်း၊ ၁၂ နှစ်အထက် ကလေးငယ်များ အိမ်ထောင်စောမပြုဖို့ အသိပညာပေးခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာအတတ်ပညာသင်ကြားပေးခြင်း အစီအစဉ်များကို အခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများရှိနေပြီး၊ လိုအပ်သည့် အစီရင်ခံစာများကိုတော့ ဆရာမ ဆိုင်းလု ကိုယ်တိုင်ဦးဆောင်ရေးသား လုပ်ဆောင်လျက် ရှိနေကြောင်းတွေ့ရပါသည်။ **⭐** သင်တန်းက ရရှိလာတဲ့ အသိပညာကြောင့် မိမိရဲ့ အလုပ်အတွင်း ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာ (Decision-Making Power) အကျိုးသက်ရောက်မှုရှိလာပုံကိုလည်း **VDC ဥက္ကဌ ဆရာမ ဆိုင်းလု**မှ _“TOT သင်တန်းတက်ပြီး ရရှိတဲ့အသိပညာတွေက ကျွန်မအတွက်ဆိုရင် **ဦးဆောင်ဆုံးဖြတ်ချက်ချရတဲ့နေရာ**မှာ ဘက်လိုက်မှုမရှိဘဲ ကျေးရွာအတွက်တကယ်ဘဲအကျိုးရှိမှာလား၊ ခွဲခြားမှုဖြစ်ပြီး ကျေးရွာအတွင်း မညီညွှတ်မှုဖြစ်လာမှာလား၊ လုပ်ဆောင်မှုတွေက ထပ်နေလား၊ လူမျိုးစုံ၊ ဘာသာစုံနှင့် ထိခိုက်လွယ်သောအုပ်စုများကိုထိရောက်မှုပြုမှာလားကို သေချာလေ့လာဆန်းစစ်ဆုံးဖြတ်ချက်ချခြင်း၊ စီမံခန့်ခွဲခြင်းများအပေါ် **ယုံကြည်မှုရှိရှိ ရဲရဲဝံ့ဝံ့** လုပ်ဆောင်လာနိုင်သောကြောင့် များစွာအကျိုးသက်ရောက်မှုရှိကြောင်း”_ ပြောပြပါသည်။ 🔥 **အများအကျိုးအတွက် ရဲရင့်စွာ ရပ်တည်ခဲ့ပုံ** ၂၀၂၅ ခုနှစ် ဆောင်းတွင်းတွင် (၃) လကြာ နမ်ကျင်အမှိုက်ပုံး မီးလောင်ကျွမ်းမှုမှာ ရက်ရှည်ဖြစ်ပွားနေမှုကြောင့် ကျေးရွာအတွင်း မီးခိုးများအူလိုက်ဝင်လာကာ ကလေးများ၊ နာတာရှည်ရောဂါရှိ သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကျပ်ရောဂါရှိသူများအတွက် အထူးစိုးရမ်းစရာဖြစ်လာချိန်မှာလည်း ကျေးရွာအတွက် ရှေ့တန်းထွက် မားမားမတ်မတ်ရပ်တည်၍ သက်ဆိုင်ရာများကို ဆရာမ ဆိုင်းလုမှ တိုက်တွန်းလှုပ်ဆော်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အမှိုက်ပုံမီးငြိမ်းသတ်နိုင်ခဲ့ကြောင်းတွေ့ရပါသည်။ **💪**_“ကျွန်မကကျေးရွာလူကြီးကိုသွားပြောမယ်လုပ်တော့ တစ်ယောက်ထဲ့မသွားနဲ့ အသိသက်သေတစ်ယောက်တော့ခေါ်သွားဖို့ အကြံပေးကြတာတွေရှိတော့ အမတစ်ဦးကိုခေါ်၍ ကျွန်မတို့ရဲ့နယ်မြေမူးနှင့် အုပ်ချုပ်ရေးမူးဆီအရင်သွားတွေ့ပါသည်။ တွေ့ဆုံရာမှာ ကျေးရွာလူကြီးများကို အမှိုက်ပုံမီးလောင်ကျွမ်းမှုမငြိမ်းရာကနေ နံနက်နှင့် ညပိုင်းဆိုရင် မြူဖိအားနှင့်အတူ **မီးခိုးများမှာကျေးရွာအထဲ အချိန်ကြာမြင့်စွာရှိနေသောကြောင့်** ကလေးများနှင့် နာတာရှည်ရောဂါရှိ သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကျပ်ရောဂါရှိသူများအတွက် **အထူးစိုးရမ်းစရာဖြစ်နေသောကြောင့်** သက်ဆိုင်ရာကိုအမြန်တင်ပြပြီး ဖြေရှင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားမှုရှိခဲ့ရာ အုပ်ချုပ်ရေးမှုများမှလည်း မြို့နယ်မှုးထံတင်ပြမှုရှိခဲ့သော်လည်း အချိန်ကြာဖြေရှင်းဆောင်ရွက်ပေးမှုမရှိခဲ့သေးပါ။ ဆက်လက်ပြီး စည်ပင်မှုးထံတင်ပြခြင်း၊ နောက်ဆုံး စည်ပင်ဝန်ကြီးထံ အကြိမ်ကြိမ်တင်ပြတောင်းဆိုမှုကြောင့် **မီးငြိမ်းသတ်ပေးခြင်း၊ မီးခိုးမထွက်သောဆေးဖြန်းပေးခြင်း**တွေ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါသည်။”_ **💪**စိုးရိမ်စရာများရှိသော်လည်း ကျေးရွာအကျိုးအတွက် ကြိုးစားလုပ်ဆောင်ခဲ့ပုံကို _“နမ့်ကျင်အမှိုက်ပုံး မီးလောင်ကျွမ်းမှုငြိမ်းသတ်ရေးလုပ်ဆောင်မှုကြောင့် ကျေးရွာရှိ အချို့လူများက မင်းအခုလို အရမ်းရဲ့တင်းလုပ်ဆောင်တာက **မိသားစုပါထိခိုက်လာနိုင်ကြောင်း၊** **ဖမ်းဆီးခံရပြီး ကလေးများသာရပ်တည်ရန်ခက်ခဲ့နိုင်ကြောင်း** သတိပေးပြောဆိုမှုများရှိနေသော်လည်း ကျေးရွာအကျိုး၊ အများအကျိုးအတွက် လုပ်ဆောင်တာဖြစ်တဲ့အတွက် **ဘုရားထံဆုတောင်းခွန်အားယူ၍ စိတ်ပင်ပန်း၊ လူပင်ပန်းသော်လည်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း**”_ ဆရာမ ဆိုင်းလုမှ ပြောပြပါသည်။ 🤝 **အခြားသူတွေကိုလည်း လက်တွဲမြှင့်တင်ပေးနေသူ** အခုလို ဦးဆောင်ဆုံးဖြတ်ချက်ချနိုင်သူ အမျိုးသမီးခေါင်းဆောင်တစ်ဦးအနေဖြင့် အခြားအမျိုးသမီးများကိုလည်း စွမ်းဆောင်ရည်မြှင့်တက်လာရန် လက်တွဲလမ်းဖွင့်ပေးနေခြင်းကို _“VDC ကော်မတီဝင်တွေမှာ အမျိုးသမီးများတယ်၊ သူတို့ရဲ့ **စွမ်းဆောင်ရည်မြှင့်တက်လာဖို့**အတွက် ကျွန်မသိထားတဲ့အတွေ့အကြုံအသိပညာတွေကို မျှဝေပြောပြသလို၊ အဖွဲ့အစည်းတွေခေါ်တဲ့သင်တန်းတွေကိုလည်း တွန်းပို့လျက် လုပ်ဆောင်နေပါတယ်”_ နောက်ပြီး _“ကျွန်မရဲ့သားသမီးတွေကိုတော့ **ကျား၊မ တန်းတူညီမျှမှု** ကို သင်ကြားပေးပြီး အိမ်မှုကိစ္စတွေကို တာဝန်ခွဲဝေလုပ်ဆောင်စေခြင်းများအပြင်၊ အမျိုးသမီးတွေဟာလည်း ကျေးရွာ၊ မြို့နယ်၊ နိုင်ငံအထိရှိ ကဏ္ဌတိုင်းတွင် ဦးဆောင်နိုင်ကြောင်း သွန်သင်လမ်းပြနေပါသည်”_ **နမ်ကျင် VDC ဥက္ကဌ၊ အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာမ ဆိုင်းလု** မှ ပြောပါသည်။ **#အမျိုးသမီးခေါင်းဆောင်#WomenLeadershipTOT #နမ်ကျင်ကျေးရွာ#kachingenderstargroup**
