သက်ငယ်မုဒိမ်းမှုနဲ့ပါတ်သက်ပြီး ရဲတပ်ဖွဲ့ကို ပညာပေးမှုများ လိုအပ်နေပြီ။

 

နန်းဆိုင်နွမ်။             ။

“ ဖြစ်ဖြစ်ချင်း ရဲစခန်းကို သွားတိုင်တယ်။ ရဲတွေက အမှုကို ချက်ချင်းမဆောင်ရွက်ပေးတော့ ကျူးလွန်ခံ ရသူက ထွက်ပြေးတိမ်းရှောင်ခဲ့လို့ ကျမတို့က ရဲတွေကြောင့် ကျူးလွန်ခံရသူထွက်ပြေးတာ ရဲက တရားခံ အားပေးတာ၊ တရားခံ မမိရင် ရဲစခန်းကို တရားစွဲမယ်ဆိုပြီး ပြောထားတယ်”သက်ငယ်မုဒိမ်းမှုကို ကူညီပေး နေတဲ့ ကချင်အမျိုးသမီးဒေါ်ကိုင်ရိန်က ပြောပါတယ်။ သက်ငယ်မုဒိမ်းမှုတွေ၊ အမျိုး သမီးတွေနဲ့ ပတ်သက်လို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို သွားရောက်တိုင်ကြားရင် သက်ဆိုင်ရာ ရဲစခန်းတွေ ကချက်ချင်းအရေးယူမှု မပြုလုပ်ကြကြောင်း သိရပါတယ်။လွန်ခဲ့တဲ့ ဇန်နဝါရီ (၇)ရက်နေ့မှာ ကချင် ပြည်နယ်က ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်၊ ဆိုင်းတောင်ဒေသမှာ အသက်(၆)နှစ်အရွယ် မိန်းကလေးကို အသက် (၆၀)ကျော် အမျိုးသားတဦးက မုဒိမ်းကျင့်ခဲ့ပါတယ်။

မုဒိမ်းမှုဖြစ်ဖြစ်ချင်းမှာ ကလေးနဲ့အတူ မိသားစုဝင်တွေက ရဲစခန်းကိုသွားရောက်ပြီး တိုင်ကြားတော့ ရဲစခန်းက အမှု ကို ချက်ချင်း လက်ခံပေးမှု မပြုလုပ်ခဲ့ဘူးလို့ ဆိုကြပါတယ်ရဲတွေအနေနဲ့ သက်ငယ်မုဒိမ်း မှုနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ သိရှိနားလည်မှုရှိသလဲ၊ လေ့လာသင်ကြားမှုရှိ သလဲဆိုတာ မေးခွန်း ထုတ်စရာဖြစ်ပြီး ကျူးလွန်ခံရတဲ့ကလေးတွေအတွက် ဘယ်လောက်အန္တရာယ်များသလဲ၊ ဘယ်လောက်အ ထိ ထိခိုက်နစ်နာသလဲဆိုတာ ရဲတွေနားမလည်ကြဘူးလို့ အမျိုးသမီးအရေး ဆောင်ရွက်သူတွေ က ဆိုပါ တယ်။ ဒီလို အသက် (၆)နှစ်အရွယ် သက်ငယ်မုဒိမ်းမှုကို ရဲစခန်းက လက်မခံတဲ့အတွက် ရိုးရာနည်းလမ်းနဲ့ သာ ဖြေရှင်းဖို့ ပါတ်ဝန်းကျင်က တိုက်တွန်းခဲ့ပေမယ့် ကချင်အမျိုးသမီး အဖွဲ့အစည်းတွေက ဒီလိုရိုး ရာနည်းနဲ့ ဖြေရှင်းမှုကို လက်မခံ ကြပါဘူး။

“ အစက စဉ်းစားတာက ဒီသက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်ခဲ့တဲ့သူက တခြားလူမျိုးဖြစ်နေတဲ့အတွက် လူမျိုးရေး ပြဿနာလို ဖြစ်ပွားမှာ စိုးရိမ်လို့ဆိုပြီး သက်ဆိုင်ရာက ရိုးရာနည်းလမ်းနဲ့ ဖြေရှင်းဖို့ လုပ်ခဲ့ တယ်” လို့ ကလေးအမှုကို ကူညီပေးနေတဲ့ ကချင်အမျိုးသမီး ဆရာမဒေါ်ကိုင်ရိန်က ပြောပြပါတယ်။

ဆက်လက်ပြီး ကချင် ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကလည်း “ အရင်ကလည်း အဲဒီနေရာက တရားဥပဒေ စိုးမိုးရေးက မရှိတော့ တရားခံတွေကို လိုက်ဖမ်းလို့ မမိရင် ရိုးရာနည်းလမ်းအတိုင်းပဲ ကိုင်တွယ်ဖို့  ဆုံးဖြတ်လေ့ရှိတဲ့ နေရာ ဖြစ်တယ်” လို့ ဆိုပါတယ်။

“ တခုခုဖြစ်ရင် ရိုးရာယဉ်ကျေးမှုအဖွဲ့တွေ တဖွဲ့နဲ့တဖွဲ့ ညှိနှိုင်းပြီး ဖြေရှင်းကြတယ်။ လူမျိုးမတူတော့ ထိလွယ် ရှလွယ် တယ်။ လူမျိုး၂မျိုးကြား ပြဿနာဖြစ်မှာစိုးလို့ ရိုးရာယဉ်ကျေးမှုအရ ဖြေရှင်းကြ တာဖြစ်တယ်” လို့လည်း ဒေါ်ခွန်ဂျာက ဆက်လက်ပြောပြပါတယ်။

“ သက်ငယ်မုဒိမ်းမှုက လူမျိုးရေးပြဿနာမဟုတ်ဘူးဆိုတာလည်း ကျမတို့သေချာပြန်ရှင်းပြရ တယ်” လို ဒေါ်ခွန်ဂျာ က ဆိုပြန်ပါတယ်။ ကျူးလွန်ခံရသူ အသက်(၆)နှစ်အရွယ် မိန်းကလေးနဲ့ သူမရဲ့ မိသားစုဝင်တွေက အမှုဖြစ်ပွားတဲ့နေ့ရက်မှာ ရဲစခန်း ကို သွားရောက်တိုင်ကြားခဲ့ပေမယ့် တရားခံပါမှသာလျှင် အမှုကိုဖွင့်ပေးမယ်လို့ ရဲက ပြောဆိုခဲ့ကြောင်း သိရပါ တယ်။ ဖြစ်စဉ်ကတော့ အသက်(၆)နှစ်သမီးလေးနဲ့ အခင်းဖြစ်တဲ့အိမ်က ကလေးတွေ အတူဆော့နေချိန်မှာ ကျူးလွန်တဲ့ အမျိုးသားက ကျန်ကလေး(၂)ဦး ကို  မုန့်ဖိုးပေးပြီး မုန့်သွားဝယ်ခိုင်းကာ  ကျူးလွန်ခံရတဲ့ အသက်(၆)နှစ်သမီးငယ် တဦးကို ခေါ်ထားပြီး အတင်း အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့မှာ ကလေးက အဲဒီအိမ်မှာ သွားဆော့ပြီးတော့ ငိုပြီး အိမ်ကို ပြန်လာတယ်။ ဘာလို့ ငိုသလဲပေါ့။ တအိမ် လုံးက မေးတာ၊ ကလေးက မဖြေဘူး။ နောက်ဆုံး ကလေးရဲ့အဘွားက ဘောင်း ဘီမှာ ရေစိုနေတာ တွေ့သွားပြီး မေးမှ ကလေးက ဖြစ်စဉ်ကို ပြောပြတယ် လို့အဓမ္မကျင့်ခံ ရတဲ့ အသက်(၆)နှစ်အရွယ် သမီးငယ်ရဲ့ မိခင် ဒေါ်ဘန်ဆဲက ပြောပြပါတယ်။ အသက်(၆)နှစ်အရွယ်သမီး ငယ် အတင်းအဓမ္မပြု ကျင့်ခံရတဲ့ နေ့ရက်မှာ မိခင်ဖြစ်သူက ခရီးသွားနေတာပါ။ ကျူး လွန်သူကို တရားဥပဒေအရ ထိရောက်စွာ အရေးယူပေးဖို့ မိခင်ဒေါ်ဘန်ဆဲက ဆိုပါတယ်။ ဇန်နဝါ(၂၂)ရက် နေ့မှ ကလေးကို အဓမ္မပြုကျင့်တဲ့ အသက်(၆၀)ကျော် တရားခံအမျိုးသားကို ဖမ်းဆီးရမိခဲ့ကြောင်း လည်း ဒေါ်ကိုင်ရိန်က ဆက်လက် ပြောပါတယ်။ ကျောက်မျက်ရတနာတူးဖော်တဲ့ ဖားကန့်ဒေသတ၀ိုက်ဟာ ထွက်ပြေးတိမ်း ရှောင်နေတဲ့ ဒုစရိုက်သမားတွေကို ဖမ်း ဆီးဖို့ ခက်ခဲတဲ့နေရာတခု ဖြစ်တယ်လို့လည်း ကချင်အမျိုးသမီး အဖွဲ့အစည်း တွေက ထောက်ပြပါတယ်။ လက်ရှိအချိန်မှာ မုဒိမ်းကျင့်ခံရတဲ့ကလေးငယ်ရဲ့ အခြေအနေ ကတော့ “ မိန်းမ အင်္ဂါမှာ အနာရနေတယ်။ သတိရ လာတိုင်း ငိုနေတယ်။ ဆေးကုပေးနေရတုန်းပါ” လို့ မိခင်ဖြစ်သူ ဒေါ်ဘန်ဆဲက  ပြောပြပါတယ်။ ကလေးကို စိတ်ပျော်ရွှင်အောင်ထားနေကြပြီး ကလေးဘဝအတွက် အနာ တရကြီးဖြစ်သွားမှာကို စိုးရိမ်တယ်လို့ လည်း မိခင်ဖြစ်သူက ဆိုပြန်ပါတယ်။

“ အခုကလေးက သူစိမ်းနဲ့တွေ့ရင် ကြောက်နေတာ။ ယောက်ျားဆိုရင် ပိုဆိုးတယ်။ စကားမပြောဘူး။ သူနဲ့ ရင်းနှီးတဲ့ သူတွေတောင် သူမပြောဘူး” လို့ ဒေါ်ကိုင်ရိန်က ဆက်လက်ပြောပြပါတယ်။

ကလေးမုဒိမ်းမှုကို ကလေးမုဒိမ်းမှုလို သီးခြားကိုင်တွယ်သင့်ပြီး ဒီလိုသက်ငယ်မုဒိမ်းမှုတွေ၊ အမျိုးသမီးတွေ အကြမ်း ဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ရဲတွေကို  အမြင်ဖွင့်ဖို့လိုအပ်ကြောင်း အမှုကို လိုက်လံကူညီပေး နေတဲ့ ဒေါ်ကိုင်ရိန် က ဆိုပါတယ်။သက်ငယ်မုဒိမ်းမှုဟာ တနှစ်ထက်တနှစ် ပိုတိုးလာတာကိုတွေ့ရပြီး သက်ငယ်မုဒိမ်းမှုကျူးလွန်သူ အများစုဟာ ကလေးငယ်တွေနဲ့ ရင်းနှီးသူများသာ ဖြစ်နေတာ တွေ့ရပါတယ်။

သက်ငယ်မုဒိမ်းမှုဟာ အိမ်ထောင်ရေး အဆင်မပြေတဲ့အသိုင်းအ၀ိုင်း၊ စားဝတ်နေရေးကြောင့် မိမိသားငယ်၊ သမီး ငယ်များကို အချိန်ပြည့်မစောင့်ရှောက်နိုင်တဲ့ ဆင်းရဲနွမ်းပါးတဲ့ အသိုင်းအ၀ိုင်းတွေမှာ အဖြစ်များပါတယ်လို့ ကချင် အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှား ဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။

သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုယ်တိုင် ဝိုင်းဝန်းတားဆီးကာကွယ်စောင့်ရှောက်မှုတွေ မလုပ်ရင်၊ လျင်မြန်ထိရောက်တဲ့ ဖမ်းဆီးအရေးယူမှုတွေ မရှိခဲ့ရင် အခုလိုပဲ ဆက်ပြီးဖြစ်နေဦးမယ်လို့ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူတွေက ပြောလိုက်ပါတယ်။

သက်ငယ်မုဒိမ်းမှုတွေကို ရိုးရာအတိုင်းသာ ဆက်လက်ကိုင်တွယ်ဖြေရှင်းနေတာကလည်း ကျူးလွန်ခံရသူ ကလေး ကို ရာသက်ပန် ရှင်လျက်နဲ့သေအောင် လုပ်လိုက်သလိုဖြစ်သွားမှာဖြစ်တဲ့အပြင် ဒီလိုအယူအဆတွေကို လက်ခံ ထားဦးမယ်ဆိုရင်  ဒီလူမှုပတ်ဝန်းကျင်တခုလုံးက ကျူးလွန်ခံရသူ ကလေးငယ်နဲ့ မိသားစုကို ထပ်မံစော်ကား နေသလိုသာ ဖြစ်နေမယ်လို့ ကချင်အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ထောက်ပြ လိုက်ပါ တယ်။

ဒါ့ကြောင့် သက်ငယ်မုဒိမ်းမှုတွေဖြစ်ရင်  ရဲတပ်ဖွဲ့အပါအ၀င် သက်ဆိုင်ရာ အာဏာပိုင်များက အရေးကြီးအမှုအဖြစ် ချက်ချင်းအရေးယူဆောင်ရွက်သင့်ကြောင့် အမျိုးသမီးအရေး ဆောင်ရွက်သူတွေက တိုက်တွန်းနှိုးဆော်နေကြ ပါတယ်။

 

 

 

 

 

နေမဝင် မာယာဧကရီ

အခန်း(၁)

“ဝူး.ဝူး….ဝုတ်ဝုတ်….ဝုတ်” အိမ်ရှေ့မှာ Black Jade ဟောင်သံအပြီးတွင် “ဟယ်လို…အိမ်ရှင်ရှိပါသလား……အိမ်ရှင်တို့” အပြင်မှခေါ်သံကြောင့် ဒေါ်ဂျာနူးတစ်ယောက်ဘုရားရှိခိုး…. “အာမင်” ဟုမြန်မြန်အဆုံးသတ်ကာ အိမ်ရှေ့တံခါးအားပြေးလှမ်း အဖွင့်တွင်

“ ဒါ…ဒါ…ဟိုလေ ဒေါက်တာရှရီခေါန်နဲ့တရားသူကြီးထွယ်ဂျက်အောင်ရဲ့ အိမ်ဟုတ်လားခင်ဗျား” ဒီလူကိုအမှန်တကယ် ရင်းနှီးဖူးသည်။ မိမိနှင့်အသက်တူရွယ်တူ အသက်(၆၀) ကျော်ခန့် ဥပဓိရုပ်မှာ ခန့်ညားလှသည်။ ထိုသို့ဖြင့်ထိုင်ရအောင်အိမ်ထဲကြွပါဟု ကြိုမည်အပြုတွင်….. မျက်လုံးချင်းဆုံမိခိုက် ထိုသူ၏မျက်လုံးမှာ ကမ္ဘာကြီးသို့ လောင်းချလိုက်မည်ဆို လျှင်ပြာကျလောင်သွားမည်အကြည့်မျိုးတို့ဖြင့်……“ရှင်ရှင် ဘာလာလုပ်တာလဲ” သြော် …သစ္စာမဲ့မ …..သစ္စာပျက်မ……ဒေါ်ဂျာနူး” “ရှင်….အခုချက်ချင်းပြန်…ရှင်အခုချက်ချင်း ပြန်နော….ကျမရဲခေါ်လိုက်မှာ” “နေစမ်းပါအုံး၊… ရဲခေါ်ရလောက်အောင်….ကျွန်တော်ဘာလုပ်မိလို့လဲ” “ကျွန်တော် ဒေါက်တာရှရီခေါန်နဲ့ တရားသူကြီးထွယ်ဂျက်အောင် ကိုလာတွေ့တာ” “အဲ့ဒါကြောင့်ရှင်ပြန်ပါ….မတွေ့ပေးနိုင်ဘူး !” “နေစမ်းပါအုံး….ကျွန်တော်လိပ်စာမမှားလောက်ဘူး ထင်တယ်……ဒါနဲ့ခင်ဗျားနဲ့ဘာပတ်သက်လို့လဲ?”“အဲဒါကျမသမီးနဲ့သားပဲ…အခုမရှိဘူး…ရှိလည်းမတွေ့ပေးနိုင်ဘူး……. အခုပြန်ပါ” “ခင်းဗျားရဲ့သမီးနဲ့သားဟုတ်လား….. တောမှာသွားပြော မင်းလိုအပျက်မ…..သစ္စာပျက်မမှာ ဒီလိုသားနဲ့ သမီး ရှိစရာလား ဟား…ဟား..” “ ဒီမှာဦးနော်အောင်… ခင်ဗျားစကားဆင်ခြင်ပါ….အပျက်မ က ပညာတတ်သားသမီး၊ မမွေးရတော့ဘူးလား.. သများချွေလို့ ကြွေခဲ့တဲ့ပန်းက သူ့ရဲ့ပင်ကိုမွေးရနှံ ပျက်ပြယ်ရမှာလား…သူများဖျက်လို့ ပျက်တဲ့ကျမက ပညာတတ်သားသမီးမမွေးရဘူးလို့ ဘယ်အဘိဓာန်မှာရေးထားလဲ…ပြောစမ်းပါ” သူခေတ္တမျှအံ့ သြမျှင်တက်သွားသည်။ “ရှင်ဘာမှမပြောနိုင်တော့ဘူးမလား… အခုပြန်တော့” “ မပြန်နိုင်ဘူးခင်ဗျားနဲ့လည်းရှင်းစရာ ဇတ်လမ်းကရှိနေတယ် …ငါ့အမေကိုထောင်ထဲပို့တဲ့မိန်းမ…” ဟုပြော ရင်းရှေ့တစ်လှမ်းတိုးပြီး တိုးလာသည်။ “ရှင်အခုပြန်နော်…ရှေ့မတိုးနဲ့နော်…ပြန်နော်…မပြန်ရင်ကျမ” ဟုပြောပြောဆိုဆို နောက်ဆုတ်ရင်း အိမ်တံခါးပေါက်အ ဝင်နားမှပန်းအိုးအားလှမ်းယူကာ “ ရှိုင်း…..ချလန်းချလန်း….” “ အမေ” အနောက်မှသမီး လေးနဲ့ရှရီခေါန်နှင့်သား ထွယ်ဂျက်အောင်…….ညနေဂျူတီပြီး၍ အိမ်ပြန်လာကြခြင်းပင်။

“အမေ….ဘယ်လိုလုပ်လိုက်တာလဲ…! ဒါသူခိုးမဟုတ်ဘူး……စိတ်ထိန်းပါ…ဒီကဦးလေးနဲ့သမီးတို့မောင်နှမ အိမ်မှာ ချိန်းထားတာ….အမှုကိစ္စရှိလို့ပါ” “ဦးရယ်စောရီးနော…..အားနာလိုက်တာ…အရမ်းနာသွားလား…. .သမီးဆေးထည့်ပေးမယ် လာပါ အမေကတစ်ယောက်ထဲနေတာဆိုတော့ သူခိုးထင်ပြီးရိုက်လိုက်တာနေမှာ…… ဒီမနက်ဧည့်သည်လာမယ့်အကြောင်း မှာဖို့ မေ့သွားတယ် ဦးရယ်….” ပြောပြောဆိုဆိုနှ်င့်မောင်နှမနှစ်ဦးပြိုင်တူဂရုတစိုက်ထူမနေပုံကိုကြည့်၍……..နော်အောင်ဆို သူအား အမှန်းဒီကရီပိုမြင့်လာသည်။

သားနှင့်သမီးမရိပ်မိအောင်စိတ်ထိန်းကာအခန်းဖက်သို့ပြေးတက်လာကာပြတင်းပေါက်မှတဆင့်အိမ်ရှေ့တဖြုတ်ဖြုတ်ကြွေ နေသောခရေပန်းပင်လေးအားငေးကြည့်ရင်းအတိတ်စက်ဝန်းဆီသို့ အတွေးနယ်ချဲ့မိလေသည်။

“ ခေါန်ဂျာရယ်…. နူး သမီးက(၁၀)တန်းလည်းအောင်ပြီးသားဆိုတော့ တက္ကသိုလ်တက်မယ့်အချိန်ကလေးကို အလကားမနေ ဘဲ….. တရုတ်ပြည်မှာအလုပ်လုပ်ပါလား…..အန်တီအလုပ်ကောင်းကောင်းလေးရှာပေးမယ်…..သမီးပညာ သင်စရိတ်ရ တာပေါ့…… ပြီးတော့ သမီးရဲ့သူငယ်ချင်း(၃)ယောက်ကိုလည်းအန်တီကအလုပ်ရှာပေးဖို့ပြောပြီးသား…..သူတို့လည်းသွား မှာ သမီးလုပ်ချင်ရင် အန်တီတို့နဲ့ တစ်ခါတည်းလိုက်ခဲ့ပါလား”

“ အန်တီရယ်…..သမီးအလုပ်လုပ်ချင်တာတစ်ပိုင်းကိုသေလို့ …….. ဒါပေမဲ့ အဖိုးက ခွင့်မပြုလို့သာ….. တကယ်တော့သမီး အလုပ်တစ်ခုလုပ်ကြည့်ချင်တယ်…….အဖိုးလည်းအသက်ကြီးလာပြီ အဖိုးတစ်ခုမြေးတစ်ခုနဲ့ကြီးလာတာဆိုတော့ …… အဖိုးမဆုံးခင်ကျေးဇူးဆပ် …..လုပ်ကျွေးဖူးချင်တာ”

“ သြော်သမီးရယ်……ဒါများလုပ်ပေါ့ အန်တီကူပြောပေးမယ်”

“ ပြီးတော့အန်တီသား နော်အောင်ကလည်း ခွင့်မပြုလောက် ဘူး ခက်တယ်” “ ဒါလည်းအန်တီတာဝန်ထားဟုတ်ပြီလား…… အန်တီကသမီးအလုပ်လုပ်ခွင့်ရအောင် သေချာရှင်းပြပေးမယ် နော်”

ဒီလိုနှင့်နေ့စဉ်ရက်စက်တစ်ပတ်ခန့် အဖိုးအားစည်းရုံးရေးဝင်တော့သည်။ အဖိုးက “ ကျွန်တော့မြေးကငယ် သေးတယ် ပညာသင်ရမယ့်အရွယ်ဘဲရှိသေးတယ် မသွားခိုင်းနိုင်ဘူး…… ဆရာမရယ်” ဟုငြင်းလွတ်နေတော့ အားနာ လှသည်။ “ အော်…ဦးနော်ဘောက်ရယ် ငယ်သေးတယ် ငယ်သေးတယ်နဲ့ အခုအရွယ်ကစပြီး ပိုက်ဆံမရှာရင်ဘယ်အချိန်မှာ ရှာမလဲ……. မြေးအဖိုးဒီလယ်လုပ်ပြီးတော့ဘဲ သေတော့မယ် ဘယ်အချိန်မှချမ်းသာနိုင်မှာလဲ .. ကျမလိုရွာရိုသေ ရှင်ရို သေတဲ့ ကျောင်းဆရာမက မကောင်းတဲ့အလုပ်ရှာပေးစရာလား….. ဒါကျမကိုစောကားတာပဲ …. ကျမကိုမယုံတာပဲ” “ အော် အဲ့လိုမဟုတ်ရပါဘူး ဆရာမကို ယုံကြည်တယ် လေးစားတယ် … ဒါပေမယ့် ကျတော့်မြေးလေး ကျောင်းတက်ချိန်ပြန်မ လာနိုင်မှာစိုးလို့…… နယ်ခြားမြေခြားမသွားစေချင်တာ” “ ဦးလေးရယ်…… တရုတ်ပြည်က မြန်မာပြည်နဲ့ အိမ်ဦးနဲ့ ကြမ်း ပြင်ပါ…… ကျွန်မအာမခံတယ်……. နူးကျောင်းတက်ချိန်မှီ ကျမပြန်ခေါ်ပေးမယ်….. အလုပ် ကောင်းကောင်းလည်းရှာပေး မယ်……ကျွန်မကကျောင်းဆရာမဆိုတော့ တပည့်တွေကို ပညာတတ်စေချင်တဲ့ ပညာလောဘရှိတယ် ……. အခုက တက္ကသိုလ်ပညာစရိတ်ရအောင်ပြောတာပါ” မြေးအဖိုးအဆင်ပြေအောင် စေတနာနဲ့ပြောတာပါနော် မလိုက်ခိုင်းလဲမတတ် နိုင်ဘူး” “ အိုး…ဒီလိုမလုပ်ပါနဲ့ဆရာမကိုယ်တိုင်အာမခံနေမှတော့ ယုံတယ်ခေါ်သွားပါ ….. ကျွန်တော်မြေးကိုအလုပ် ကောင်းကောင်းရှာပေးပါနော်” ထိုအသံကြားရစဉ်ကျမပီတိတွေ ဖြစ်၍ခုန်ပေါက်ချင်လာသည်။ သို့သော် ကျွန်မ၏ နုနုထွတ်ထွတ် ချစ်သက်တမ်း (၃) လသာရှိသေးသည့် ဆရာမရဲ့သား နော်အောင်ကတော့ ခွင့်ပြုလိမ့်မည်မထင်၊ စိတ်ညစ်ရ သည်။ “ ဒါနဲ့ သမီးနူး… အန်တီနားလာခဲ့အုံး” အနားတိုးစဉ် “ထပ်တိုးအုံးတိုးတိုးလေးပြောမယ်” “မင်းအစ်ကိုနော်အောင်က မသွားခိုင်းချင်ဘူး…ဒါကြောင့်နော်အောင်မေးလာရင်…..အန်တီအောန်နဲ့တရုတ်ပြည်အလည်သွားပြီးပဲပြန်လာမယ်ပြောပါ နော်” “ဟုတ်ကဲ့မာမီအောန်”

ဒီလိုနှင့်နော်အောင်ကိုလည်းလိမ်ခဲ့ရသည်။ မာမီအောန်နှင့်အလည်လိုက်ပြီးပြန်လာမည့်အကြောင်း မာမီအောန်ကနူး ကို ချစ်ကြောင်း…စိတ်ချရကြောင်း…မစိုးရိမ်ရန် ခွင့်ပြုရန်သူနှင့်ဆုံတိုင်းပြောခဲ့သည် သို့သော်ကျွှန်မချစ်သူနော်အောင်မှာ ဇွဲမလျော့ဘဲ ကျမနှင့်လိုက်လည်ချင်ကြောင်း တဂျီဂျီပူဆာကာ တရုတ်ပြည်သို့သူလည်းတစ်ပါးတည်းလိုက်ခဲ့တော့သည်။ ထိုသို့ဖြင့်မာမီအောန်၊ကျမချစ်သူနော်အောင်၊ သူငယ်ချင်းဖြစ်သူ ထုဆန်၊ ရွယ်ဂျီ၊ မိုင်းမိုင် ကျမတို့ကားတစ်စီးဖြင့် နွေဦး ကျောင်းပတ်ချိန်တွင် တရုတ်ပြည်သို့ဦးတည်ကာသွားခဲ့ပါသည်။ဒီလိုနှင့် ဗန်မော်၊လွိုင်ဂျယ်မှ တဆင့် တရုတ်ပြည်အဝင်တွင် Passport အနီရောင်များပြုလုပ်ကြသည်…… ၂နာရီခန့်မျှသာကြာသည်။ထိုနောက်တရုတ်ပြည်ရင်ကျန်းသို့ ဦးတည်ခဲရာ…. တိုက်ရောင်စုံများဖြင့်မြို့၏အနံ့အသက်များသည်ကျမတောသူမအဖို့အံ့သြမျင်တက်ကာငေးမဝရှုမဝပင်။ ကျမသည်မွေးရပ် ဇာတိဒွန်ဘန်မှမြစ်ကြီးနားမြို့သို့ပင်လျင် တစ်နှစ်တစ်ခေါက် X’mas လရောက်မှဈေးဝယ်ခွင့်ကြုံသည်…..မဟုတ်လျှင်ရွာတွင် နွားကျောင်း၊ထင်းရှာ၊ထမင်းချက်၊ အဖိုး၏လယ်တွင်ကူလုပ်ရင်း ကျမဘဝ၏အချိန်များသည်ကုန်မှန်းမသိကုန်ကာ(၁၈) နှစ်ပင်ကျော်ခဲ့ပြီ အခုတော့တရုတ်ပြည်ကိုမြင်တွေ့ခွင့်ရတော့ စိတ်ထဲတွင်အူမြူးပျော်ရွင်တက်ကြွနေသည်။

ညနေစောင်းပိုင်းတွင် တရုတ်ပြည်ရင်ကျန်းရှိတည်းခိုမည့်နေရာတွင် ရောက်ပြီး (၃) ယောက်ခန်း (၂) ခန်းယူခဲ့သည်…. ကျမ၊ မာမီအောန်နှင့်သူ၏သား နော်အောင်တို့မှာတစ်ခန်း၊ သူငယ်ချင်း (၃)ယောက် မှာတစ်ခန်း တည်းခဲ့ကြသည်။ ညနေမိုးချုပ်ခါနီး ၆း၀၀ နာရီလောက်တွင် မာမီအောန်ဖုန်းပြောရင်း အပြင်သွားမည်ဟုဆိုကာ ကျမ နှင့် နော်အောင်အားသေချာနေကြရန်…ထမင်းစားထားနင့်ရန်ပြောပြီး ထမင်းထုပ်ဝယ်ကာစားပွဲပေါ်တွင်တင်ပြီးထွက်သွားသည်။ အတော်ညက်နက်ခဲ့သော်လည်း မာမီအောန်တစ်ယောက်ပြန်မလာခဲ့ပေ ကျမနှင့်နော်အောင်မှာ အခန်းထဲတွင် နှစ်ယောက်သားစကားပြောရင်း ညနက်ခဲ့သည်……. ကျွန်မနှင့် သူနှစ်ကိုယ်တည်းတစ်ညလုံးအတူရှိနေ၍လားမသိ…..ကျွန်မ ၏မသိစိတ်ကခွဲရမည်ဟုတွေးနေ၍လားမသိ ကျမ၏စိတ်ကညွတ်ချင်လာသည်။ ထိုစဉ် နော်အောင်မှကျွှန်မ၏ နှဖူးပေါ်တွင် အနမ်းနွေးနွေး လေးချွေလိုက်သည်။ “နော်အောင်ရယ် ဒို့ကြောက်တယ်နော် အစ်ကိုလည်းကျောင်းတက်ရအုံးမယ် နူးလည်း ကျောင်းတက်ရအုံးမယ်” “မကြောက်ပါနှင့် ကိုယ်တာဝန်ယူတယ်ကိုဆေးကျောင်းပြီးတာနဲ့အဖိုးဆီမှာလာတောင်းရမ်း လက်ထပ်ယူမယ်” သွားပါပြီ…..ကျမကြက်သီးတွေဖျန်းကနဲထသွားသည်။ ဒီလိုနှင့်သူနှင့်ကျမ ချစ်သူရည်းစားဘဝထက်ကျော် လွန်ခဲ့ကြလေပြီ။ တစ်ညလုံးအတွေးပေါင်းစုံဖြင့် နိုးတစ်ဝက်အိပ်တစ်ဝက်ဖြင့်နောက်နေ့မနက် ၇း၀၀ နာရီလောက်တွင် မာမီအောန်ပြန်ရောက်ခဲ့သည်…. ကျမတို့ကိုယ့်အပြစ်နှင့်ကိုယ်မို့အိပ်ဟန်ဆောင်နေလိုက်သည်။ ထိုစဉ်သူတို့သားအမိ တီးတိုးတီးတိုးပြောကာအပြင်ထွက်သွားကြသည်။ အတော်နှင့်ပြန်မလာပေ။ပြန်လာတော့လည်းအန်တီနူးတစ်ယောက်ထဲ ငိုလျှက် “ သမီးနူးရယ်..ဟင့်ဟင့်.အဟင့်” “အန်တီဘာဖြစ်လို့လည်း” “အန်တီရဲ့သားကြီး နှလုံးဖောက်လို့ ဆေးရုံတင်ထားရ တယ်တဲ့ အဲ့ဒါကြောင့် နော်အောင်ကို ပြန်ခိုင်းလိုက်ပြီ” ကျမအနည်းငယ်တင်းသွားသည် နုတ်ဆက်ဖော်တောင်မရဘဲ အစ်ကို ဆိုတာနဲ့ဘဲ တန်းပြေးရော်လား…… ရလျှင်တစ်မျိုး မရခင်တစ်မျိုးပေါ့ ဒင်းက…. ပြီးတော့ မာမီအောန်က သားတစ်ယောက် လုံးဖျားတာမပြန်ဘဲ ဒင်းကပြန်သွားတော့ အနည်းငယ် အံသြတွေဝေခဲ့သည်။ သို့သော် မာမီအောန်ရဲ့ ဖြေရှင်းချက်က ကျမတို့ (၄) ယောက်ကို သူတာဝန်ယူထားရကြောင်း အလုပ်ကောင်းကောင်းရှာပေးပြီးမှ ပြန်မည်ဖြစ်ကြောင်း ….၄င်းသား အကြီးနှလုံးဖောက်သည်မှာ ကြာပြီဖြစ်ကြောင်းပြောကာ အပြုံးအပျက်ခဲ့ပေ မာမီအောန်ပြန်လာပြီး ခဏအကြာတွင် ထုဆန့်၊ ရွယ်ဂျီ၊ မိုင်းမိုင် တို့သည် မင်းသမီးသမျှ လှပကျော့ရှင်းအောင်ပြင်ဆင်ချေသကာ ရောက်လာခဲ့ကြသည်။ သို့သော် မျက်ကွင်းတွင်ကိုစီညိုနေကြသည်မှာ သိသာလှသည်။ မေးကြည့်တော့ ”တစ်ညလုံးမာမီအောန်ရယ်…. မာမီအောန် သူငယ်ချင်းတွင်နဲ့ KTV သွားကြကြောင်း …. ပျော်ခဲ့ကြကြောင်း…… တွေ့ခဲ့တဲ့ ဧည့်သည် တွေက လန်းကြောင်း ပြင်တတ်ဆင်တတ် ကြောင်း ပြောနေသည်မှာ မပြီးနိုင်ပေ “ သမီးနူး…… ဒီနေ့အလုပ်လုပ်မဲ့နေရာကို သမီးတို့ကိုခေါ်သွား မယ့် အလုပ်ရှင် တွေနဲ့ တွေ့ရမှာ ဆိုတော့ အဝတ်အစားလဲပြီးလှလှလေးဖြစ်အောင်ပြင်ဆင်ပါ” ဒီလိုနဲ့နူးတစ်ယောက်မြန် မြန်ဆန်ဆန်ပြင် ဆင်လိုက်ပုံမှာ ဖြူဝင်းသော အသားပေါ်တွင် နုနှစ်ရောင်ဒူဖုံးကိုယ်ကပ် ဂါဝန်မှာ ထင်ဟပ်လှပနေသကဲ့သို့ ဇင်ရော်မျက်ခုံး အောက် ကော့လန်နေသောမျက်ဝန်းတို့မှာ အသက်ဝင်လှသည်။ နာတံစင်းစင်းဘေးပါးနှစ်ဖက်မှာ နီဥဖွေး နေသည် ငယ်ဂုဏ် ရှိသောနုးတစ်ယောက် အနည်းငယ်ပြင်လိုက်ရုံ နှင့် လှချင်တိုင်းလှကာပြိုင်စံရှားနေပေသည်။ ဒီလိုနဲ့ (၅) ယောက်သား တည်းခိုသည့်အခန်းမှထွက်ကာ လမ်းလျောက်သည်မှာ ၁၀မီနစ်ခန့်အကြာတွင် ဟိုတယ်တစ်အခန်းနံပတ် ၂၀၃ တွင် အာမယ် ဆိုသော တရုတ်မ ဝဝကစ်ကစ်လေးတဦးနှင့် မိတ်ဆက်ပေးကာ “ သမီးတို့ လေးယောက်စလုံး ဒီအာမယ် နဲ့ အတူနေခဲ့ပါ ဒါဆရာမရဲ့ အချစ်ဆုံးမိတ်ဆွေ၊ သူ့ကိုဆရာမအပ်ထားတယ်၊ သူ့စကားနားထောင်ပြီးနေပါနော်” “ဟုတ်ကဲ့ ပါဆရာမ” “ ဟုတ်ကဲ့ပါမာမီအောန်” ပြိုင်တူထွက်လာသောအသံများပင်….. နေခြား၌ မျက်စီသူငယ် နားသူငယ် နေ၍နား ထောင်ရတော့မည်။ ထို့နောက် မာမီအောန်နှင့် တရုတ်မ အားမယ်တို့ နာရီဝက်ကြာ တရုတ်စကားဖြင့် စကားလက်ဆုံ အပြင်ဘက်သို့ခဏထွက်သွားပြီး ၁၅ မီနစ်ခန့်တွင်ပြန်ဝင်လာခဲ့သည်။ ထိုစဉ် စာရွက်အနီပေါ်တွင် တရုတ်စားသားများ ရေးထားသောစာရွက်၌ လက်မှတ်အသီးသီးရေးထိုးစေခဲ့သည်။ ကျမတို့မှာ တရုတ်စကား တစ်လုံးမှမတတ်၍ အရှုးအားစာကြည့်ခိုင်းသကဲ့သို့ပင်။ ထို့နောက် “ သမီးတို့ လေးယောက်စလုံး လိမ်လိမ်မာမာ နေပြီး အားမယ်စကား နာထောင်ပြီးအလုပ်လုပ်ကြပါ …… အခုလက်မှတ်ထိုးတာ သမီးတို့ကို အားမယ်က အလုပ်ရှာပေးမှာဖြစ်တဲ့အတွက် အလုပ်သဘောတူညီချက်စာချုပ်ဘဲ…. ဆရာမက အားမယ်ကို အကုန်လုံးအပ်ထားပေးပြီးပြီ ဆရာမ ပြန်တော့မယ် ငွေကောင်းကောင်းရှာခဲ့ပါနော်” ပြောပြောဆိုဆို မာမီအောန်က အလှဆုံးပြုံးကာ နုတ်ဆက်ပြန်သွားခဲ့ သည်။ ထိုအပြုံးမှာ ရက်စက်လှသည့် ဘီလူးခေါင်းနှင့် မင်သမီး အပြုံးမှန်း နောက်မှသိခဲ့ရသည်။ ဒီလိုနဲ့ မာမီအောန်ပြန်ပြီး နောက်နေ့မှစ၍ တရုတ်အမျိုးသားတစ်ဦးပြီးတစ်ဦး ကျမတို့လေးဦးအားလာကြည့်သည်။ ကျမတို့ လေးဦးအား တန်းစီထိုင်ခိုင်းထားကာ တရုတ်မ အားမယ် နဲ့ အသက် ၃၀ဆယ်ခန့်ရှိ တရုတ်အမျိုးသားနှင့်စကားပြောနေကြသည်။ ထိုစဉ် ကျမအားလှမ်းခေါ်ကာ စာရွက်အနီပေါ်တွင် လက်ဗွေနှိပ်ကာ လက်မှတ်ရေးထိုးရန် အားမယ်ကပြောသည် ကျမ အသိစိတ် ဝင်လာသည်…… ကျမလူကုန်ကူးခံနေရပြီ ဘယ်လိုရုန်းထွက်ရမည်၊လွတ်မြောက်ရမည် ကျမ မသိ၊ ကျမ ဇောချွေးပြန်ကာ တုန်ရီလာသည် ထိုစဉ် အားမယ်က “ ထိုးလေ လက်မှတ်ထိုးပြီး…ဒီတရုတ်နဲ့ လိုက်သွားတော့ ဘာလုပ်နေတာလဲ….. ကြောင်မနေနဲ့ ကလေးမ” ပြောရင်းစာရွက်အနီအားလှမ်းအပေးတွင် ကျမကြံမိကြံရာ ကြမ်းပြင်ပေါ်တွင် လဲချလိုက်သည်။ ကျမ၏ခန္ဒာကိုယ်အား တက်နေသယောင် ….. အကြောဆွဲနေသယောင် “ တရူးတရူး တစ်ကွပ်ကွပ်နှင့် တစ်ထွေးများ အမြုပ်လိုက်ထွေးထုပ်ခဲ့သည် သေခြာသည် ဝက်ရူးပြန်ရော်ဂါ သို့နှင့် တရုတ်အမျိုးသားမှာ နှခေါင်းရှုံ့ကာ အားမယ်အား စာရွက်ပစ်ပေးပြီးထပြန်သွားသည်။ ထို့နောက်အားမယ်က “ ညီးဝက်ရှုးပြန်ရော်ဂါရှိသလား သွားပြီငါတော့ရှုံးပြီ” ဆို၍ကျမ အား “ အဲ့မှာထိုင်နေ ဘယ်မှမသွားနဲ့ ဝက်ရှုးမ” ပြောကာ ကျမသူငယ်ချင်း(၃)ဦး တစ်ဦးပြီးတစ်ဦး ရောက်ရှိလာသော တရုတ်အမျိုးသားများအားပြသကာ ညနေစောင်းတွင် ကျမ သူငယ်ချင်း (၃) ဦးစလုံး ပျောက်ကွယ်သွားတော့သည်။ ကျမတို့ စကားပြောခွင့်မရှိပေ စကားပြောလျှင် အားမယ်မွေးထားသော လူဆိုးနှင့်တူသည့် ယောကျာ်းများကဝိုင်းရိုက်တတ်သည်။ ကျမ တစ်ယောက်တည်း ကျန်ခဲ့သည်မှာ တစ်ပတ်ပြည့်တော့မည် ကျမဝက်ရူးပြန်ယောင်မဆောင်နိုင်တော့ပေ ထိုသို့ဖြင့် ယနေ့ကျမထံတွင် တရုတ်အမျိုးသားများ ဆက်တိုက်လာကြည့်ကြတော့ တစ်ယောက်ပြီးတစ်ယောက် ကျမအား မခေါ်ချင်အောင် ဝက်ရူးပြန်ချင်ဟန်ဆောင်ရသည်မှာမောလှပြီ ကျမထွက်ပြေးနိုင်အောင် အကြိမ်ကြိမ် ကြိုးစားပါသော်လည်း အခွင့်မသာခဲ့ပေ…. နေ့လည်တွင်တရုတ်အမျိုးသားများနှင့်တွေ့ပေးပြီး အဆင်မပြေလျှင် ညနေတွင် အခန်းတံခါးပိတ်လျောင်းကာ အစောင့်များဖြင့် ထမင်းငတ်ထားကာ ကျမသည် လှောင်အိမ်ထဲကငှက်လေးတစ်ကောင်လိုပင် လွတ်မြောက်မည့်နေ့ကို မမျှော်လင့်ဝံ့သည်ထိပင်။ နောက်နေ့မနက်တွင်လည်း အားမယ်က လုပ်မြဲနေကျအတိုင်း ကျမအား တရုတ်အမျိုးသားများနှင့်တွေ့ဆုံစေကာဈေးညှိနေကြသည်….. ကျမလည်းမလျော့သောဇွဲဖြင့် ဝက်ရူးပြန်ဟန်ဆောင်ခဲသည်။ တရုတ်အမျိုးသားများပြန်ပြီးနောက် အခန်းတွင်ပိတ်လှောင်ကာ ရိုက်နှက်၊ ကျောက်ကန် ညှင်းဆဲ၍ ထမင်းအငတ်ထားသည်။ တခါတရံ အသံချိုချိုဖြင့် “ ကလေးမညည်းကို တရုတ်တွေလာတွေ့ရင်ဝက်ရူးပြန်ချင်ရင်တောင်အောင့်ထားစမ်းပါ……ညည်း အတွက်ပြောတာ …. အလုပ်ရဖို့အရေးကြီးတယ်…. နင့်အတွက်ငါက ဒေါ်လုအောန် ကိုပိုက်ဆံအများကြီးပေးထားရတာ….. လုပ်ပါနော်…. ကိုယ့်ကိုယ်ထိန်းပြီး၊ ဝက်ရူးမပြန်အောင်နေပါ” ကျမဘာမှမတုံ့ပြန်ဘဲငေးကြည့်ကာ နားမလည်သယောင်နေ လိုက်သည်။ ဒီနေ့လည်းတရုတ်အမျိုးသားနှင့်တွေ့ပေးကာ ကျမဝက်ရူးပြန်ရောဂါရှိသဖြင့်ရောင်းပန်းမလှခဲ့၍ ကျမအား အခန်းသို့လှောင်ပိတ်ချုပ်နှောင်ထားရန် အားမယ်၏ လူနှစ်ဦးက ကျမဂုတ်ကိုဆွဲလျက်ခေါ်လာခဲ့သည်။ ကျမမျက်စိရှေ့တွင် မိန်းကလေးပေါင်း(20) ခန့်တရုတ် အမျိုးသားနှင့်လိုက်သွားခဲ့ပြီးပြီ …… ကျမသူငယ်ချင်း(၃) ဦးလည်းဘဝပျက်ပြီ…. ကျမအပြန် လမ်းဝရံတာတွင် ဝက်ရူးပြန်ရောဂါဖောက်ချင်သယောင် ဟန်ဆောင်ကာကြမ်းပြင်တွင်လှဲချလိုက်သည် ၄င်းတို့နှစ်ဦးမှာ ကျမအားလွတ်ချလိုက်သည် ရွံ့၍လား ကြောက်၍လားတော့မသိပေ “ ထွက်ပြေးလေ…. ဒါအခွင့်ကောင်းဘဲ ပြေးတော့ မိနူးရယ်” ဟုကိုယ့်ကိုယ်ကိုအားပေးရင်း အားကုန်အောင် ရုန်းကန်ပြေးရာ ရောက်ချင်တိုင်းရောက်ကာ အားမယ်၏ လူနှစ်ဦးလည်းအနောက်မှလိုက်နေသည်။ ဒီလိုနှင့် ကျမ မျက်ချေဖျက်ကာ (၁) နာရီကြာပြီးနောက်တွင် အားမယ်၏လူအား မတွေ့တော့ပေ။ ကျမ အပေါ်ဖုံးသစ်လွင်နေသောင်္အကျီအပေါ်ဖုံးအား လမ်းပေါ်တွင်ချွတ်ပစ်လိုက်ရုံနှင့် အရံသင့် င်္အကျီလဲပြီးသား ဖြစ်သွားသည်။ ကျမ ပုံစံမှာ ဟောင်းနွမ်းစုတ်ပြဲနေသော စပန့်ဘောင်းဘီပန်းရောင်အပွင့်ရိုက်နှင့် င်္အကျီ ရှပ်လက်တိုအစင်းကြား အဟောင်းဖြင့် သူတောင်းစားတစ်ယောက်ကဲ့သို့ ပုံစံဖြစ်သွားသည်။ ကျမသည် မျက်စိသူငယ်၊ နားသူငယ်ဖြင့် လမ်းဆက်လျောက်လာခဲ့ရာ အရှေကတွင် ဈေးဆိုင်တန်းတွေ့ပြီး ….. ကျမရူးချင်ဟန်ဆောင်၊ သူတောင်းစား ဟန်ဆောင်ကာ တစ်လခန့် ကျင်လည်ခဲ့သည်။ ကျမအတွက်သူတောင်းစားနှင့် အရူးဟန်ဆောင်ရသည်မှာ ဝက်ရူးပြန် ယောင်ဆောင်သလောက်မခက်ခဲပေ။ ဒီအတောအတွင်း ကချင်စကားပြောသူ(၅) (၆) ဖွဲ့ အား ရင်ကျန်းဈေးတန်း တွင်တွေ့ ဖူးသည် သို့သော် လူကဲခတ်ကြည့်နေရသည်။ လူကဲခတ်ကျင်လည်ရင်းတနေ့တွင် ကချင်စကားပြောသော အမျိုးသမီး အဖွဲ့ ဈေးဝယ်နေသည်။ ယင်းတို့၏ပြောပုံဆိုပုံဝတ်စားပုံမှာ လူကောင်းမှန်းသိသာလှသည်။ မိနူးရဲ့ မျှော်လင်းခြင်းရောင်ခြည်တန်း ခဲ့လေပြီ…… တစ်လခန့် အသိမရှိဘာမျှမရှိဘဲကျင်လည်ခဲ့ရတာ အခုတော့ဘုရာသခင်မစပြီ….. အဖိုးဆီပြန်တော့မယ် ဒီလိုနှင့် အနားကပ်ကာ ကချင်စကားဖြင့် “ အန်တီတို့ကဘယ်ကလဲ ? သမီးကိုမြစ်ကြီးနားလိုက်ပို့ပေးပါလား” ၄င်းတို့အဖွဲ့ ကမျက်ဝန်းအဝိုင်းသားဖြင့် “ ကလေးမကဒီမှာ ဘာလာလုပ်နေတာလဲ” ကျမလည်းအခွင့်ရတုန်း အကြောင်းစုံဖောက်သည် ချလိုက်တော့သည်။ “ သမီးမငိုနဲ့တော့ …… အန်တီတို့သမီးကို ရွာရောက်အောင်ပို့ပေးမယ်……. ပြီးတော့ သမီးကို ရောင်းစားခဲ့တဲ့ မာမီအောန် ကိုလည်း အန်တီတို့တရားစွဲပေးမယ် ရော့သစ်ရှုး မျက်ရည်သုတ်လိုက်အုန်း” သူတို့အဖွဲ့နှင့် ကားစီးရင်းမြစ်ကြီးနားသို့လိုက်ခဲ့သည်။ သူတို့အဖွဲ့မှာ ယခုကဲ့သို့ အမျိုးသမီးငယ်များကို တရုတ်ပြည်တွင်ရောင်းစား ခံရလျှင် ကယ်ယူခေါ်ဆောင်ပေးကြောင်း ….. သက်ဆိုင်ရာအစိုးရနှင့် ချိတ်ဆက်၍ အမူဖွင့်ပေးကြောင်း….. ၄င်းတို့အဖွဲ့မှာ Htoi (ထွယ်) အဖွဲ့အစည်းများဖြစ်ကြောင်း ပြောပြနေပုံမှာ ကျွန်မ အတွက်တကယ့် Hero သဖွယ်ဖြစ်နေသည်။ ကျမလည်း ဒေါ်လုအောန်အား တရားစွဲချင်ကြောင်း၊ အတူရောင်းစားခံရသော သူငယ်ချင်း(၃)ဦးအားကယ်ချင်ကြောင်းပြောခဲ့သည်။ ထိုသို့ဖြင့် မာမီအောန်နှင့်အားမယ်မှာ ထောင်(၁၀)နှစ်စီကျသွားပြီး ကျမသူငယ်ချင်း(၃)ဦးလည်း အိမ်တွင်ပြန်ရောက်ကြပြီ သို့သော် အပူမှာတစ်ပူပြီးတစ်ပူ မိနူးဘဝတွင်ပေါ်ခဲ့သည်။တရုတ်ပြည်တွင်မိမိပျောက်နေစဉ် အဖိုးမှာကျမစိတ်ဖြင့်ကွယ်လွန်ခဲ့ သည်။ ထို့ပြင်ကျမတွင်ကိုယ်ဝန်ရှိမှန်းဆရာဝန်ပြောပြချက်အရ သိခဲ့ပြီ….ကျမအားရောင်းစားခဲ့သူ၏သား၊ ကျမယုံကြည်ပြီ ချစ်ခဲ့မိသူ၏ သွေးသားကိုလွယ်ထားရသည်။ ကျမအလွန်မုန်းတီးနာကျင်၍ ကိုယ်ဝန်ဖျက်ချရန် အကြိမ်ကြိမ်စိတ်ကူမိသည်။ သို့သော်ကျွန်မဘုရားကိုကြောက် သည်မလုပ်ရဲခဲ့ပေ။ မာမီအောန်၏သားနော်အောင်၏သတင်းအစအနလည်းပျောက်ခဲ့ပြီ ကောင်းပါသည်ကျွန်မမဆုံချင်တော့၊ မကြုံချင်တော့ပါ၊ ဇတ်လမ်းတစ်ပုဒ်ပြီးဆုံးခဲ့ပြီ….. ဒီလိုနဲ့ ရွာရှိအဖိုး၏ လယ်အားရောင်း ချကာ ဝိုင်းမော်မြို့ရှိအဒေါ်အိမ်တွင် ဇါတ်မြုပ်၍ ကလေးမွေးရင်း၊ ပညာဆက်သင်ရသည်မှာ မလွယ်ကူလှပေ။ ကလေးကလည်းမွေးမှမွေးတော့ အမွှာပူး။ single monther အတွက်ရုန်းကန်ရသည်မှာမလွယ်ကူလှပေ။ မနက်ညဈေး ရောင်း၊နေခင်းကျောင်းသွား ဖြင့်ဘဝကိုရုန်းကန်ခဲ့ရသည်။ ကျောင်းပြီးတော့ ချိန်ဘာ(chamber) ဆင်းကာရှေ့နေဘဝဖြင့် သမီးဆွတ်ဆူးခေါန်အာဆရဝန်၊ သားလေးထွယ်ဂျက်အောင်အားတရားသူကြီးအဖြစ် ပျိုးထောင်နိုင်ခဲ့သည်။ ဟိုတစ်ချိန်က ဘဝနာကြည်းမူအားမေ့လျော့ထားသည့်အချိန် ထိုသူအားရုတ်တရက် အိမ်တွင်တွေ့လိုက်ရခြင်းမှာ ကျွန်မ ဘယ်လိုမှ မဖြေသာနိုင်ပေ။ မဆုံချင်တော့သော ရေစက်ဖြစ်ပါသည်။ ကျွန်မလူညွန့်တုံးရခြင်း တရားခံမှာ မာမီအောန် နှင့် နော်အောင် ပင်ဖြစ်သည်။ ဘဝမှာ လူကုန်ကူခြင်းခံရသူ signle monther တစ်ယောက်အတွက် ပတ်ဝန်းကျင်ပုတ်ခတ်မှုအား မနည်းအံ့တုရင်း အသက်ရှင်ခဲ့ရသည်။ ကျွန်မ ဘယ်တော့မှ မဆုံချင်တော့သော ရေစက်ပင်။ “ တောက်… တောက်” တခါး ခေါက်သံနှင့်အတူ “ ah Nu ရယ် ah Nu ထမင်းစားရအောင်” သမီး၏ခေါ်သံကြားမှ ကျွန်မအသိစိတ်ဝင်လာသည်။ မျက်ရည်များအား မှန်တင်ခုံရှေ့ တစ်ရှုးဖြင့်ကပြာကယာ သုတ်ကာ Two Way cake လေးအသာပုတ်ရင်း….. မူမပျက် တခါးဖွင့်လိုက်သည်။ “ အားနူးအိပ်ပျော်နေတာလား …. သမီးခေါ်နေတာကြာပြီ” “အင်းခေါင်းကိုက်ချင်လာလို့….အိပ်လိုက် တာ…. သက်သာသွားပြီသမီးရယ်” ပြောပြီးထမင်းလက်ဆုံစားနေစဉ် မောင်နှမနှစ်ဦးက ပြိုင်တူ “ ဒီနေ့ အာနူးလုပ်လိုက်တာ လွန်လွန်းတယ်…….. အဲ့ဒါခွဲစိတ်အထူးကုဆရာဝန်နော်အောင်ဘဲ…….. သမီးတို့နဲ့အမူကိစ္စတိုင်ပင်ဖို့ရောက်လာတာ…… ပြီး တော့သမီးဆေးပညာနဲ့ပတ်သက်ပြီးမသိတာရှိရင်သူ့ကိုပဲမေးနေကျ……သမီးရဲ့ဆရာပဲသူကပင်စင်ထွက်တာမကြာသေးဘူး သူ့အစ်ကိုအကြီးဆုံးရဲ့သမီးက မုဒိန်းကျင့်ခံရတယ် …… အဲ့ဒီကိစ္စမှာသမီးက မူခင်းဆရာဝန်……. အစ်ကိုက အမိန့်ချမယ့်တရားသူကြီး ဆိုတော့ သူ့တူမအတွက် တရားမျှတမူရှိအောင် ကူညီပေးဖို့လာတွေ့တာပါ” “ဘုရား…..ဘုရား ကျွန်မထိန့်လန့်သွားသည်။ ဝဋ်ဆိုတာဘဝမကူးခင်တန်ည်းမဟုတ် တနည်းလည်တတ်တာပဲလား…. ဘရားဆုံးမတာသပ်သပ် …….အစိုးရအပြစ်ပေးတာသပ်သပ် ပဲလား…… မာမီအောန်နောင်တရနေပြီလား ….. အရင်လိုပဲလား မေးခွန်းထုတ်ရင်း…. “ သားနဲ့သမီးရယ် ဘာဘဲဖြစ်ဖြစ် ကလေးမအတွက် တရားမျှတမူရှိအောင် ကူညီပေးလိုက်ပါ …. ပြီးတော့ မုဒိမ်းကျင့်ခ့ရတဲ့ ကလေးမရဲ့ IDကိုအတတ်နိုင်ဆုံးလျှို့ဝှက်ပေးပါ… ဘာဖြစ်လို့ဆိုတော့ လူတစ်ယောက်မုဒိန်ကျင့်ခံရတာ မျက်စိတစ်မှိတ်အတွင်းပေမယ့် ……. တစ်သက်လုံးပတ်ဝန်းကျင်က မုဒိမ်းကျင့်ခံရတဲ့ ကလေးမဆိုပြီး၊ အတင်းအဖျင်းကဲ့ရဲ့ မူတွေနဲ့ တစ်သက်လုံးပတ်ဝန်းကျင်က မုဒိမ်းကျင့်ပစ်လိုက်တယ်………..အဲ့လိုဘဲ……

လူကုန်ကူးခံရတဲ့ အမျိုးတွေက ဘ၀ ကို သူတို့ ပတ်ဝန်းကျင် မှာ မရပ်တည်ရဲကြဘူး …….. အချိန်ပြည့်ပတ်ဝန်းကျင်ကသူတို့

ကို လူကုန်ကူးပစ်လိုက်ကြတယ်……… ဒါကြောင့် ဘ၀မှာ ကောင်းမွန်တဲ့ လူမှု အသိုင်းမ၀ိုင်း မရှိတော့…….. အလုပ်ကောင်းနဲ့ဝေးပြီး ဘ၀ပျက်ခဲ့ကြရတဲ့ ကလေးမလေးတွေ တပုံကြီး……….ပြီးတော့ သူတို့ကိုပြန်လည်ထူထောင်ပေးကြရာ မှာ အစိုးရရော၊ NGOတွေရေား အားနည်းကြတယ်…ဒါကြောင့် အတတ်နိုင်ဆုံး သူတို့ရဲ့ ID ကိုအမြဲလျှို့ဝှက်ပေးထားပါပြီးတော့” ကျမ တခုခုအား ဆက်မပြောချင်တော့ပေ ။ ကျမနှင့်သားအား အခုမှ အဖေရှိကြောင်း မပြောလိုပေ ။ ထိုအဖေ မှာ ၄င်းတို့ အမေအား လူကုန်ကူးခံသော မိန်းမ ၏ သားမှန်း ကျမ ကြေငြာချင်ပေ …… ကျမ ဝန်မခံလိုပေ …….. ကျမ သားနှင့် သမီး စိတ်ကာမ စွန်းထင်း စေချင်ပေ……. ဘာပဲဖြစ်ဖြစ် ကျမ၏ မာယာကြောင့် သူငယ်ချင်း(၃) ဦးအားတယ်ထင်ခဲ့သည်။ ထို့အတူ ကျမ၏ မာယာဖြင့် ကျမ ကလေး (၂)ဦး၏ ဘ၀နှင့် စိတ်ဓာတ်အား ကယ်တင်ချင်သည်။ ထို့ကြောင့် ကျမ ဆက်မပြောတော့ဘဲ……. မိမိကိုယ်ကိုယ်ကို ကျွန်မက မာယာဧကရီ ဘဲ မဟုတ်လား ဟု ကျိတ်ပြုံးရင်း သားနှင့် သမီး မျက်နှာအား စေ့ကြည့်ကာ “ပြီးတော့……. အခုမှုဒိမ်းပြုကျင့်ခံရတဲ့ ကလေးမက (၁၄) နှစ်မပြည့်သေးတော့ သက်ငယ်မှုဒိမ်း ဘဲ ဒါကြောင့် တရားခံကို နှောင်ကျဉ် ဟန့်တားလောက်တဲ့ ပြစ်ဒဏ်ချရမယ်…….ဒါမှကလေးမ တွက်တရားမျှတမှုရှိပြီး ………. ကျမတို့ အမျိုးသမီးထုရဲ့ ဘ၀ကို ဥပဒေ ကာကွယ်ပေးမှုကို ပြည်သူလူထုက ယုံကြည်အားကိုးလာမယ်……သားနဲ့သမီး အမှန်တရားဘက်မှာရဲရဲဝံဝံ ရပ်တည်တာကို အမေ ဂုဏ်ယူတယ်” “အားနူး……ဆက်ပြီး ဂုဏ်ယူနိုင်အောင် သားနဲ့သမီး ကြိုးစားမှာပါ မေမေ ရယ်” ပြိုင်တူထွက်လာသောအသံဖြင့် “ခေါန်နူး မာယာ ဧကရီ၏ ကမ္ဘာ မှာ လှချင်တိုင်းလှကာ နေ၀င်တော့ မည့် ကမ္ဘာကြီးတစ်ခုဖြစ်နေတော့………….

SarLi (Kachin Dove)